Main menu

Background

ပွဲတော်အတွက် ဝယ်လိုအားရှိလာလို့ စားအုန်းဆီကြိုပွိုင့်ဈေးမြင့်တက်လာ

Mon, 10/29/2012 - 04:46 -- Anonymous (not verified)

မလေးရှား စားအုန်းဆီသိုလှောင်မှု စံချိန်တင်မြင့်တက်ခြင်းကြောင့် ဈေးနှုန်း ကျဆင်းမှာ စိုးရိမ်နေကြပေမယ့်လည်း ပွဲတော်အတွက် ဝယ်လိုအားတိုးတက်လာ တာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး မြင့်တက်လာကြောင်း သိရပါတယ်။ အဓိက စားဆီတင်သွင်းတဲ့ အိန္ဒိယနိုင်ငံမှာ ဒီပါဝလီပွဲတော်အတွက် ဝယ်လက်များက စားအုန်းဆီကို တိုးတက်ဝယ်ယူခြင်းက ကမ္ဘာ့နံပါတ် -၂ စားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့သိုလှောင်မှုလက်ကျန် ကိုလျော့ကျစေပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်း စစ်ဆေးသူများရဲ့ စာရင်းအရ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။

ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်ဈေးဟာ ၁ ရာခိုင်နှုန်း ပိုမိုပြီး၊ တစ်တန် ရင်းဂစ် ၂၆၀၃ (ကန်ဒေါ်လာ ၈၅၆)ဈေးဖြစ်လို့ စက်တင်ဘာလ ၂၈ ရက်နောက်ပိုင်းအမြင့်ဆုံးပမာဏကို ရောက်ရှိကြောင်း သိရပါတယ်။ မလေးရှား နိုင်ငံအတွင်း အဓိက ဆီအုန်းစိုက်ပျိုးရာ ဒေသများမှာ မိုးရွာသွန်းနေတဲ့အတွက် ဆီအုန်းခူးဆွတ်မှု အဟန့်အတားဖြစ်နေပြီး၊ ပြည်ပတင်ပို့မှု ခိုင်မာနေတဲ့အတွက် လာမယ့် သီတင်းပတ်မှာ လည်း ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးကွက်မှာ နိုဝင်ဘာလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ကန်ဒေါ်လာ ၈၅၂ ဒသမ ၅၀ ဈေးနဲ့ ကမ်းလှမ်းပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၄၆၀(ကန်ဒေါ်လာ ၈၀၉)ရှိကြောင်း သိရပါတယ်။                              ယုဇန၊Source: palmoil hq.com