အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိ အဓိက ဒေသထွက်ကုန် ၆ မျိုးမှ ၂၄၉၉၀၀ ပိဿာ (၄၀၈ ဒသမ ၀၇ တန်) အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အဆိုပါ ဒေသထွက်ကုန်များ မှာ ကြက်သွန်ဖြူ ၄၂၈၀၀ ပိဿာ (၆၉ ဒသမ ၈၉ တန်)၊ အစေ့ထုတ် ပြောင်း ၆၃၂၀၀ ပိဿာ (၁၀၃ ဒသမ ၂၀ တန်)၊ ပဲပုပ် ၉၃၀၀ ပိဿာ (၁၅ ဒသမ ၁၈ တန်)၊ ပန်းနှမ်း ၁၀၆၀၀ ပိဿာ (၁၇ ဒသမ ၃၀ တန်)၊ ချင်းအစို ၃၆၂၀၀ ပိဿာ (၅၉ ဒသမ ၁၁ တန်)နဲ့ အာလူး ၈၇၈၀၀ ပိဿာ (၁၄၃ ဒသမ ၃၇ တန်)တို့ဖြစ်ကြောင်း သိရပါတယ်။
အောင်ပန်းကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်း များကတော့ ကြက်သွန်ဖြူ တစ်ပိဿာ အနိမ့်ဈေး ၄၀၀ ကျပ်မှ ၅၅၀ ကျပ်၊ အမြင့်ဈေး ၁၃၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ အစေ့ထုတ်ပြောင်း တစ်ပိ ဿာ အနိမ့်ဆုံး ၃၀၀ ကျပ်မှ အမြင့်ဆုံး ၃၁၀ ကျပ်၊ ပဲပုပ် တစ်ပိဿာ အနိမ့်ဆုံး ၉၅၀ ကျပ်မှ အမြင့်ဆုံး ၁၂၀၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ အနိမ့်ဆုံး ၉၅၀ ကျပ်မှ အမြင့်ဆုံး ၁၂၀၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၁၀၀ မှ အမြင့်ဆုံး ၂၀၀ ကျပ်နဲ့ အာလူး တစ်ပိဿာ အနိမ့်ဆုံး ၂၅၀ ကျပ်မှ အမြင့်ဆုံး ၆၅၀ ကျပ်တို့ဖြစ်ကြပြီး၊ အောင်ပန်းဈေးကွက် အတွင်း ပင်းတယဒေသထွက် အာလူးအသစ်များ ဝင်ရောက်လာပြီဖြစ်ပေ မယ့် လက်ရှိအာလူးဈေးမှာ အနိမ့်ဆုံး ၃၀၀ကျပ်မှ အမြင့်ဆုံး ၆၅၀ ကျပ် ထိ ဈေးကွက်ခိုင်မာနေကြောင်း သိရပါတယ်။မင်းအောင်-တောင်ကြီး