ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) နဲ့ ပဲစင်း ငုံနီ (RC) ကို အိတ်စပို့အဆွဲပြန်လိုက်လာတာကြောင့် ယခင်အပတ် နဲ့စာရင် အရောင်း အဝယ်ဖြစ်မှုပမာဏပိုများလာကြောင်း သိရပါ တယ်။ ပြီးခဲ့တဲ့အပတ်က မတ်ပဲကို အိန္ဒိယအဆွဲနည်းတာကြောင့် အရောင်းအဝယ်ေ ရာ ဈေးနှုန်းပါကျဆင်းလာပေမယ့် ဒီတစ်ပတ်မှာ တော့ အရောင်းအဝယ်နည်းနည်းပြန်လိုက်လာတယ်လို့ ပဲကုန်သည် တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ် တန်ကို အနိမ့်ဆုံး ၄၉၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၁၀၀၀၀ ကျပ်အ တွင်း တန် ၂၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံ နီ (RC) ကိုလည်း အိတ်စပို့ဝယ်လက်က ဒီတစ်ပတ်မှာ အဆွဲပြန် လိုက်လာတာကြောင့် အရောင်းအဝယ်ပြန်ဖြစ် လာတယ်လို့ ဆိုပါ တယ်။ ပဲကအရင်အပတ်က အရောင်းအဝယ်အေးနေရာက ဒီတစ် ပတ်မှာ အိတ်စပို့အဆွဲပြန်လိုက်လာလို့ ဈေးကွက်မှာ လှုပ်လှုပ်ရှား ရှားပြန်ဖြစ်လာတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၇၈၀၀၀ ကျပ်အတွင်း တန် ၁၁၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background