Main menu

Background

မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ ခပ်ပါးပါးသာ အရောင်းအဝယ်ဖြစ်

Mon, 10/29/2012 - 05:06 -- Anonymous (not verified)

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီး ကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆၀ ကျပ်(တစ် တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ် လို့ သိရပါတယ်။