အောင်လံဈေးကွက်မှာ ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေသလို ရောင်း သူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဝယ်လိုအားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၂၂၈၉ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background