ခရီးသွားဝင်ရောက်မှု များပြားခြင်းနှင့်အတူ ဟိုတယ်အိပ်ခန်းများလည်း တိုးပွားလာ

၂၀၁၂ ခုနှစ်အတွင်း ခရီးသွားဧည့် သည်များ တိုးတက်ဝင်ရောက်လာမှုနှင့် အတူ ဟိုတယ်အိပ်ခန်းများမှာလည်း များပြားလာကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး  ညွှန်ကြားရေးမှူးချုပ် ဦးအောင်သော်ဝင်းမှ ပြောသည်။

"ရန်ကုန်၊ မန္တလေး  လေဆိပ်ကို ကြည့်မယ်ဆိုရင်   ဒီနှစ်  ဧပြီလကနေ အောက်တိုဘာလအထိကို   မနှစ်က ထက် ၅၀ ရာခိုင်နှုန်းပိုဝင်တယ်။ ဒီလေ ဆိပ်တွေကနေ  မနှစ်ကဆို ခရီးသည် တစ်သိန်းခွဲလောက်  ဝင်ခဲ့ပါတယ်။ ဒီ နှစ်မှာတော့နှစ်သိန်းနှစ်သောင်းခြောက် ထောင်ထိဝင်ခဲ့ပါတယ်" ဟု ယင်းပုဂ္ဂိုလ် မှပြောပြသည်။ ထိုသို့ ဧည့်သည်များပြည်တွင်းသို့ လာရောက်လည်ပတ်မှုတိုးတက်လာသကဲ့ သို့ ဟိုတယ်အိပ်ခန်းများမှာလည်း ယ ခင်ထက်ပိုမိုများပြားလာခဲ့သည်။ လက် ရှိတွင်ပြည်တွင်း၌ ဟိုတယ်ပေါင်း ၇၆၇ လုံးနှင့် အိပ်ခန်းပေါင်းနှစ်သောင်းခုနစ် ထောင်ကျော်ရှိသည်။ ယခုနှစ် အိပ်ခန်းတိုးပွားမှုနှုန်းမှာ ၂၁၀၀ ကျော်ခန့် တိုးပွားလာခဲ့ပြီး လက် ရှိရန်ကုန်တွင်  ဟိုတယ်အလုံးပေါင်း ၂၀၀ ကျော်နှင့် အိပ်ခန်းပေါင်း ၆၇၀၀ ဝန်းကျင်ရှိကြောင်း သိရှိရသည်။