မြန်မာကျောင်းသားများအနေဖြင့် အာရှ-ပစိဖိတ် ပညာသင်ဆု လျှောက်ထားနိုင်

မြန်မာနိုင်ငံမှ ကျောင်းသူကျောင်း သားများအနေဖြင့်  အာရှပစိဖိတ်ပညာ သင်ဆုအား ဒေသတွင်း  လေးနိုင်ငံ မှ လျှောက်ထားနိုင်ရာ မြန်မာကျောင်း သားများလည်း   လျှောက်ထားနိုင် ကြောင်း သိရသည်။

ဒေသတွင်း  နိုင်ငံများဖြစ်သော မြန်မာ၊ ကမ္ဘေားဒီးယား၊ လာအို၊ ထိုင်း နိုင်ငံတို့မှ ကျောင်းသားများ လျှောက် ထားနိုင်ပြီး အာရှပစိဖိတ် ပညာသင်ဆု အဖွဲ့အစည်းအဖြစ်  ထိုင်း၊ ဟောင် ကောင်၊ မလေးရှားနှင့် ဖိလစ်ပိုင် တက္က သိုလ်များတွင် ဘွဲ့လွန်ဘာသာရပ်များ တက်ရောက်ရန် လိုအပ်သောငွေကြေး ဆိုင်ရာ ထောက်ပံ့မှုများပေးကာ ပညာ ရေးကဏ္ဍ အဆင်ပြေ ချောမွေ့စေရန် ပညာသင်ဆုများ လျှောက်ထားနိုင်မည် ဖြစ်သည်။ပညာသင်ဆုပေးရာတွင်  အဆိုပါ တက္ကသိုလ်များတွင် တက်ရောက်သော  ဘာသာရပ်၏ စာသင်နှစ်အားလုံးအ တွက် ပေးသွားမည်ဖြစ်ပြီး ပညာသင်ဆု သည် Pre Acadmic Summer School 2013 သုံးပတ်အား တက် ရောက်ရမည်ဖြစ်သည်။ ပညာသင်ဆု သည် မိမိပိုင်ငွေကြေးသုံးစွဲရန်  မလို အပ်ဘဲ ၁၀၀ ရာခိုင်နှုန်းပညာသင်ဆု လည်းဖြစ်သည်။ အသေးစိတ်  သိရှိလို သူများအနေဖြင့် http://apsc 2013 -scholarship  application -Formာ (သို့မဟုတ်) apsconrontium @ gmail.com  သို့ ဝင်ရောက်စုံစမ်းနိုင် ကြောင်း သိရသည်။