Main menu

Background

အိန္ဒိယ-ထိုင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုဆောင်ရွက်ရန်စီစဉ်

Mon, 10/29/2012 - 05:21 -- Anonymous (not verified)

၁၂ ဦးပါ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာလနောက်ဆုံးပတ်မှာ မြန်မာနဲ့အိန္ဒိယနယ်စပ်ရှိ မိုရေးမြို့သို့ သွားရောက် ခဲ့ပါတယ်။ အိန္ဒိယနဲ့ထိုင်းနှစ်နိုင်ငံအကြား မြန်မာနိုင်ငံမှတစ်ဆင့် ကုန်သွယ်မှုလုပ်ဆောင်ရန် အသင့်တော်ဆုံးလို့ ခံယူလျက်ရှိကြ ပါတယ်။

ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ထိုင်းအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဌာနမှ ဒါရိုက်တာ Net Priuya Kate Choom Khyion ကခေါင်းဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဝင်အဖြစ် လိုက်ပါလာခဲ့ကြပါတယ်။ ထိုင်း ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဖာမှာတစ်ပတ်ကြာနေထိုင်ခဲ့ကြပြီး မိုရေးနဲ့ကုန်သွယ်မှု အလားအလာများနဲ့စပ်လျဉ်းပြီး လေ့လာခဲ့ ကြပါတယ်။ မိုရေးနဲ့တမူးမြို့များကိုသွားရောက်ခဲ့ပြီး လက်ရှိနယ် စပ် ဖြတ်ကျော်ကုန်သွယ်မှုအခြေအနေများကိုလည်း လေ့လာခဲ့ ကြပါတယ်။ မိုရေးကို စံနမူနာပြမြို့ အဖြစ်လက်ခံကြပြီးနောက် ထိုင်းထုတ်ကုန်များမိုရေးသို့ပို့ရန် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ မိုရေးကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး  K-Govindas နဲ့တွေ့ဆုံပြီး မိုရေးဒေသထွက် လက်ရက်ထည်များကို ထိုင်းဈေးကွက်မှာနေရာရရှိနိုင်စေမယ်လို့ အခိုင်အမာပြောကြားခဲ့ကြပါတယ်။ ကလေးဝ-မုံရွာလမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုရှိခဲ့လျှင် အိန္ဒိယ-ထိုင်းကုန်သွယ်ရေးအတွက် အသာစီးရရှိစေမယ်လို့ နှစ်ဖက်စလုံးက ကောက်ချက်ချခဲ့ကြပါတယ်။ အိန္ဒိယကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီး K-Govindas က ကလေးဝ-မုံရွာအဝေးပြေး လမ်းမပိုင်း ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရမှပြုပြင်ပေးနေပြီဖြစ်ကြောင်း ထိုင်းကိုယ်စားလှယ်အဖွဲ့ကို အသိပေးပြောကြားခဲ့ပါ တယ်။ အိန္ဒိယကုန်သွယ်ရေးနဲ့စက်မှုအတွင်းရေးမှူးချုပ် O Nabakishore  ဟာ ထိုင်းကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပြီး အိန္ဒိယနဲ့ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု ကို မြန်မာ နိုင်ငံကတစ်ဆင့်ဖြတ်သန်း ဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြည်နယ် အစိုးရ အနေနဲ့ မိုရေးအား စံပြမြို့အဖြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ှSource:The Sangai Express ,CMK