Main menu

Background

မန္တလေးမြို့လုံးဆိုင်ရာ သစ်စက်ပိုင်များ အသင်းဖွဲ့စည်း

Mon, 10/29/2012 - 05:23 -- Anonymous (not verified)

မန္တလေးမြို့လုံးဆိုင်ရာ သစ်စက်ပိုင်များအသင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က မြစိမ်းရောင်ခန်းမမှာ ဖွဲ့စည်းခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို မန္တလေးမြို့ပေါ်ရှိ အသေး စားနဲ့ အလတ်စား သစ်စက်ပိုင် ၂၈၀ ဝန်းကျင် တက်ရောက်ခဲ့ ကြပြီးအလုပ်အမှုဆောင်နဲ့အမှုဆောင်အဖွဲ့ဝင်များအား မြို့ နယ်အလိုက် ရွေးချယ်ခဲ့ပါတယ်။ နာယက ၄ ဦး၊ အလုပ်အမှု ဆောင်အဖွဲ့ ၂၄ ဦးကို ရွေးချယ်ခဲ့ကြပါတယ်။ ရွေးချယ်ခံရတဲ့ သစ်စက်ပိုင်အသင်းဥက္ကဋ္ဌ ဦးစိုးထွဋ် (SYသစ်အချောထည်)က  " အသင်းကို ဒီကနေမှ စတင်ဖွဲ့စည်း တာ ဖြစ်တဲ့အတွက် အသင်းဝင် အရေအတွက် မသိရသေး ပါဘူး။ လျှောက်လွှာယူတာတော့ ၂၅၀ ကျော်ရှိပါပြီ။ မန္တလေး တစ်မြို့လုံးက ဝင်ကြမှာပါ။ သစ်စက်ပိုင်များအသင်းကို ဖွဲ့စည်းပြီး၊ အသေးစား၊ အလတ်စား သစ်စက်တွေ စုပေါင်းပြီး ရပ်တည်ရမယ့် အခြေအနေရောက်ပါပြီ။ ခုမန္တလေးမြို့က သစ်စက် လုပ်ငန်းရှင်တွေ ရွေးချယ်ပေးလိုက်တဲ့ အလုပ် အမှုဆောင် အဖွဲ့စာရင်းကို သက်ဆိုင်ရာဌာနတွေထံတင်ပြပြီး၊ တရားဝင်ဖွဲ့စည်းသွားပါမယ်။ အသင်းတရားဝင်ဖွဲ့စည်းပြီးမှ ကျွန်တော်တို့ မန္တလေးမြို့က သစ်စက်ပိုင်တွေအတွက် သစ် ကုန်ကြမ်းလုံလုံ လောက်လောက်ရရှိရေး၊ နည်းပညာရရှိရေး အတွက် ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်သွားပါမယ်" လို့ ပြောပါတယ်။ မန္တလေးမြို့ရှိ အကြီးစားသစ်စက်လုပ်ငန်းများမှာ ကြီး ရာမှ သေးပြီး၊ အသေးစားစက်မှုလုပ်ငန်းများ မှာ ပျောက်ကွယ် ရမယ့် အခြေအနေအား ကာကွယ်ဖို့ သစ်စက်ပိုင်များ စုပေါင်း ဆောင်ရွက်နိုင်မယ့် သစ်စက်ပိုင်များ အသင်းကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး