Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ အသေးစားကုန်ထုတ်လုပ်ငန်းကော်မတီမှ အသင်းသားများအား ဒုတိယအကြိမ်ပံ့ပိုးငွေထုတ်ချေး

Mon, 10/29/2012 - 05:25 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကော်မတီ ဥက္ကဌ ဦးရာဇာဝင်း၊ အတွင်းရေးမှူး ဦးထွေးသိမ်း (မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး)နဲ့ လုပ်ငန်း ကော်မတီဝင် များသည် မိမိတို့မြို့နယ်အတွင်းရှိ အသေးစားစက်မှုလုပ်ငန်းများဖြစ်တဲ့ လယ်ယာသုံးစက် ကိရိယာလုပ်ငန်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်တဲ့ ကွန်ကရစ်လုပ်ငန်း၊ ဘောက်တူ လှေလုပ်ငန်း၊ တောင်းပလုံး ရက်လုပ်ခြင်း လုပ်ငန်းများအတွက် အသင်းသားများ အားမတည်ရင်းနှီးငွေကျပ်သိန်း ၅၀ ကို အိမ်မဲမြို့၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး၊ TPIS ရုံးခန်းတွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ပေးအပ်ခဲ့ကြောင်း၊ အတွင်းရေးမှူး ဦးထွေးသိမ်းမှ ပြောကြားပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကော်မတီမှ အသင်း သားများအား ပံ့ပိုးချေးငွေများကို ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် စတင်ပြီး၊ ထုတ်ချေးခဲ့ ကြောင်း၊ အသင်းသားများမှာလည်း ပံ့ပိုးချေးငွေများကို အပြည့်အ၀ ပြန်လည် ပေးဆပ်ခဲ့ကြောင်း၊ ယခု ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ လုပ်ငန်းတိုးချဲ့ရန်နဲ့ လိုအပ်တဲ့ အရင်းအနှီး များအတွက် ဒုတိယအကြိမ် ပံ့ပိုးချေးငွေ ထုတ်ချေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ပါတယ်။                  ထွေးသိမ်း - ဧရာဝတီ