Main menu

Background

အိန္ဒိယ - မြန်မာ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်းတွေ့ဆုံဆွေးနွေးမည်

Mon, 10/29/2012 - 05:26 -- Anonymous (not verified)

အိန္ဒိယ - မြန်မာ စီးပွားရေးလုပ် ငန်းရှင်အချင်းချင်း တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးမြို့ စွမ်းဟိုတယ်မှာ နိုဝင်ဘာ ၂ ရက်၊ နေ့လည် ၂ နာရီမှာ ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှ Mr. G.L  Gocnka  ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ၁၃ ဦးတို့ လာရောက်မှာ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ဟာ ၂၀၁၁ ခုနှစ်က မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်များနဲ့ လာရောက်ဆွေးနွေးခဲ့ ဖူးပြီး၊ ယခုအကြိမ်မှာ စီးပွားရေးကုန်သွယ်မှု ဖလှယ်နိုင်ဖို့ ဒုတိယအကြိမ်မြောက် လာ ရောက် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရ ပါတယ်။ ဆွေးနွေးကြမယ့် လုပ်ငန်းများမှာ ရိုးရာ လက်မှုပစ္စည်းလုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်း၊ ပဲနဲ့ပဲမျိုးစုံလုပ်ငန်း၊ သစ်နဲ့သစ်အချောထည်လုပ်ငန်းများ၊ အထပ်သားလုပ်ငန်းများ၊ စားသောက် ကုန်လုပ်ငန်းများနဲ့ ပတ်သက် ၍ ဆွေး နွေးမှာဖြစ်ပြီး၊ ဆွေးနွေးဖလှယ်မှုပြုနိုင်ဖို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းမှ စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ် ကြားထားကြောင်း၊ မန္တလေးမြို့ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။ ယခုလိုလာရောက် ဆွေးနွေးရခြင်းမှာ စီးပွားရေးရင်းနှီး မြှုပ်နှံမှု ဥပဒေ ထွက်ပေါ်လာပါက ဆောင် ရွက်နိုင်ဖို့ ကြိုတင်လာေ ရာက် ဆွေးနွေးကြခြ င်းဖြစ်ကြောင်း သိရပါ တယ်။ ဇူးဇူး - မန္တလေး