Main menu

Background

မြိတ်နယ်စပ်မှ ရေထွက်ကုန် နှစ်ဆနီးပါး အပို့ပို

Mon, 10/29/2012 - 05:29 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၃၁၅ သန်းတန်ဖိုးရှိရေထွက်ကုန် ၃၁၇၄ တန်ခန့်ကို အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှု ထက် နှစ်ဆနီးပါး အပို့ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နယ်စပ်မှ အမယ်စုံ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ငါးမျိုးစုံ ၁၉၅၅ တန်ခန့်၊ ရေငန် ပုစွန် ၂၄ တန်၊ ကဏန်းအသေး ၅ တန်ကျော်၊ ငါးမှုန့် ၈၆ တန်ကျော်၊ အေးခဲကဏန်းပျော့ တန် ၅၀ ခန့်၊ ကဏန်းနီ ၃၄ တန်၊ အေးခဲပုစွန် ၁၁၄ တန်၊ ရေငန်ပုစွန်တန် ၂၀ ဝန်း ကျင်၊ အေးခဲကင်းမွန် ၃၇ တန်နဲ့ ငါးနီအသားလွှာတန် ၅၀ ခန့်အပို့ရှိခဲ့ပြီး ပုစွန်ခြောက် သုည ဒသမ ၄၂၅ တန်နဲ့ ငါး ခြောက် ၇ တန်ကျော်အပို့ရှိခဲ့တယ်လို့သိရပါတယ်။

မြဝတီနယ်စပ်ကတော့ ကန်ဒေါ်လာသုညဒသမ ၁၅၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၅ တန်ကျော်၊ ပုစွန် ၆ တန်ကျော်နဲ့ ကဏန်း ၆ တန်ခန့်အပို့ရှိပြီး ယခင်အပတ်တင်ပို့မှုထက် ၁၄၈ တန်ကျော်အပို့လျော့ခဲ့ပါတယ်။ကော့သောင်း နယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၅၃၆ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၆၉၃ တန်၊ ငါးဆားနယ် ၁၀ တန်ခန့်၊ ကဏန်း သုည ဒသမ ၆ တန်နဲ့ ကင်းမွန် တန် ၂၀ ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၄၀၉ တန် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ်မှာ ထိုင်းနယ်စပ်သို့ ကန်ဒေါ်လာ ၄ ဒသမ ၀၀၁ သန်းကျော်တန် ဖိုးရှိ ရေထွက်ကုန် ၃၉၆၅ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် တန် ၁၀၀၀ ကျော်အပို့ပိုခဲ့ပါတယ်။ MIRT(DOBT)