ယခင်က ပုံမှန်တင်ပို့နိုင်ခဲ့တဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကပို့ကုန် အမယ်များမှာ အပါအဝင်ဖြစ်တဲ့ ရေငန်ပုစွန်နဲ့ ငါးခြောက်မျိုးစုံကို ယခုလတတိယ ပတ်မှ စတင်ကာ ဆက်လက်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလ ၁၈ ရက်နေ့အထိ ရေငန် ပုစွန် ၈၄၁၄၇ ဒသမ ၄၀ ဒေါ်လာ၊ ငါးနီတူခြောက် ၁၉၅၀၀ ဒေါ်လာ၊ ငါးကုန်း ညိုခြောက် ၁၀၅၀၀ ဒေါ်လာနဲ့ ငါးစုံလေးခြောက် ၉၉၁၉ ဒသမ ၉၀ ဒေါ်လာ စုစုပေါင်း ၁၂၄၀၆၇ ဒသမ ၃၀ ဒေါ်လာဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
ဒေသတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေများ တိုးတက်လာပြီဖြစ်လို့ ထုတ်ပြန်ထားတဲ့ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကိုလည်း ယခုလ ၈ ရက်နေ့၌ ညမထွက်ရအချိန်အား ည ၁၀ နာရီမှ နံနက် ၄ နာရီသို့ လျှော့ချသတ်မှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။ ဒေသတွင်းတည်ငြိမ်အေးချမ်းလာပြီဖြစ်လို့ ကုန်သွယ်မှု ဆက်လက် တိုးတက်လာမယ်လို့ သုံးသပ်မိပါတယ်။ စိန်ဝင်း (မောင်တော)