Main menu

Background

ဗီယက်နမ်သကြားထုတ်လုပ်သူများနှင့် ပြည်တွင်း သကြားသုံးစွဲတဲ့ လုပ်ငန်းရှင်ကြီးများအကြား ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိ

Mon, 10/29/2012 - 05:39 -- Anonymous (not verified)

ဗီယက်နမ်စားသောက်ကုန်နဲ့အချိုရည်၊အဖျော်ယမကာထုတ်လုပ်နေတဲ့ ကိုကာ ကိုလာ၊ နက်စ်တဲလ်၊  ဘီဘီကာမုန့်လုပ်ငန်း၊ ဗီနာနို့ (Vinamilk) စတဲ့လုပ်ငန်းရှင် များ၊ ကုမ္ပဏီကြီးများက ဗီယက်နမ် ပြည်တွင်းသကြား ထုတ်လုပ်မှု မလုံလောက်မှု၊ အရည်အသွေးနိမ့်ကျမှု၊ သကြားဈေးမတည်ငြိမ်မှု၊ ပြည်ပမှတင်သွင်းတဲ့သကြားဈေး ထက်မြင့်မားမှု စတဲ့အကြောင်းပြချက်များနဲ့ ပြည်ပမှသကြားတင်သွင်းခွင့်ကို ဟိုချီမင်းမြို့တော် မှာ အောက်တိုဘာလ ဒုတိယပတ်ကပြုလုပ်တဲ့ သကြားလိုအပ်ချက် ပြည်တွင်းမှ လုံလောက်စွာထုတ်လုပ်ရေး နဲ့ ဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေးမှာ တောင်းဆိုနေကြတယ်လို့ Thanh Nien News မှာ ဖော်ပြထားပါတယ်။

ပြည်ပမှသကြား တန် ၃၃၈၀၀၀ တင်သွင်းခွင့်တောင်းခံခြင်းအပေါ် စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန က ပြည်တွင်းသကြားထုတ်လုပ်သူများကို အကာအကွယ် ပေးတဲ့အနေနဲ့ တန်ချိန် ၇၀၀၀၀ သာ ပြည်ပမှတင်သွင်းခွင့်ပြုပေးခဲ့ပါတယ်။ ပြည်ပမှ သကြားတင်သွင်းပါက သကြား ၁ ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၁၅၀၀၀ ကျပြီး ပြည်တွင်း သကြားဈေးမှာ ဗီယက်နမ်ဒေါင် ၁၇၀၀၀ ကျတဲ့အတွက် လစဉ်အသုံး စရိတ်မှာ ဗီယက်နမ်ဒေါင်ဘီလီယံ ချီပြီး ပိုမိုသုံးစွဲနေရတယ်လို့  Vinamilk  မှ ပြည်သူ့ ဆက်ဆံရေးအရာရှိ က ပြောတယ်လို့သိရပါတယ်။ ဗီယက်နမ်သကြားနဲ့ ကြံလုပ်ငန်းရှင်များအသင်းကတော့၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ် ကြံရာသီချိန်မှာ သကြားတန်ချိန် ၁ ဒသမ ၆ သန်းခန့် ထွက်ရှိရန်ခန့်မှန်းထားပြီး ပြည်တွင်းလိုအပ်ချက်ကိုပြည့်မီစေမဲ့အပြင် တန်ချိန် ၂ သိန်းခန့်လည်းပိုလျှံနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ တင်သွင်းတဲ့ သကြားဈေးဟာ ပြည်တွင်းဈေးထက် သက်သာမှုရှိခြင်းမှာထိုင်းသကြားစက်များဟာ ကြံကိုဈေးသက်သက်သာသာ နဲ့ ရရှိ ကြတဲ့အပြင် ကြံတောင်သူနဲ့ သကြားစက်လုပ်ငန်းရှင်များရသင့်ရထိုက်တဲ့ အကျိုး အမြတ်ရရှိနိုင်ဖို့အတွက် ထိုင်းအစိုးရမှ ပံ့ပိုးပေးနေခြင်းကြောင့် ဖြစ်တယ်လို့ သိရပါ တယ်။ စားသောက်ကုန်နဲ့ အချိုရည်၊ အဖျော်ယမကာထုတ်လုပ်သော လုပ်ငန်းရှင်ကြီး များက ပြည်တွင်း သကြားဟာ ဈေးအားဖြင့်ရောအရည်အသွေးပါ ပြည်ပမှသကြား ကိုမယှဉ်နိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့ကြသော် လည်း မိမိတို့သကြားကို စင်္ကာပူနဲ့ သီရိလင်္ကာနိုင်ငံတို့သို့ တင်ပို့နေရတာကိုကြည့်လျှင် မိမိတို့ သကြားအရည် အသွေးမှာ မညံ့ကြောင်းဗီယက်နမ် သကြားထုတ်လုပ်သူများကလည်း ပြောဆိုနေကြပါတယ်။ စားသောက်ကုန်ထုတ် စက်မှုလုပ်ငန်းရှင်များအနေနဲ့ ၎င်းတို့လိုအပ်တဲ့ စံချိန် စံညွှန်းကို တိတိကျကျ ပြောကြားခြင်းလည်းမရှိ၊ ခိုင်လုံတဲ့အကြောင်းပြချက်လည်း မရှိဘဲ ပြည်တွင်းသကြားများ အပေါ် ဝေဖန်ပြောဆိုနေခြင်းသာဖြစ်တယ်လို့ Khanh Hoa  သကြားကုမ္ပဏီမှဒါရိုက်တာကထောက်ပြပြော ဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။                                                                                      CMK