Main menu

Background

မလေးရှား၊ ကိုရီးယား၊ အိန္ဒိယနဲ့ တရုတ်သို့ ရော်ဘာများ ပင်လယ်ရေကြောင်းမှ အပို့ရှိ

Mon, 10/29/2012 - 05:40 -- Anonymous (not verified)

အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၄၀၆ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၁၂၇၁ တန်ကို မလေးရှား၊ ကိုရီးယား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့သို့ ပင်လယ်ရေကြောင်းမှ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က ရော်ဘာတန် ၂၃၀ ကျော် အပို့ရှိတဲ့အတွက် ယခုအပတ်မှာ တန် ၁၀၀၀ ကျော် အပို့ပိုခဲ့ပါတယ်။ မလေးရှားသို့ RSS-3 ၁၈၁ ဒသမ ၅ တန်၊RSS-5 တန် ၄၀၊ MSR-20  တန် ၂၀၀ ကျော်၊ MSR-50  တန် ၄၀၊ တရုတ်သို့ RSS-3 တန် ၄၀၀၊ ကိုရီးယားသို့ RSS-5 ၃၈၈ တန်ကျော်၊ အိန္ဒိယသို့ RSS-1  တန် ၂၀ အသီးသီးအပို့ရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ရော်ဘာဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၀၀ ခန့် ကျဆင်းသွားခဲ့ပါ တယ်။ ပြည်ပတင်ပို့မဲ့ရော်ဘာဈေးနှုန်းများကို ကန်ဒေါ်လာ ၁၀၀ စီ လျှော့ချပေးထားပါတယ်။RSS-1 တစ်တန် ကန်ဒေါ်လာ ၂၈၅၀ မှ ၂၉၅၀၊ RSS-3  နဲ့ MSR-50 တစ်တန် ကန်ဒေါ်လာ ၂၇၅၀ မှ ၂၈၅၀၊RSS-3  နဲ့ MSR-50  တစ်တန် ကန်ဒေါ်လာ ၂၆၅၀ မှ ၂၇၅၀ နဲ့ Crepe ရော်ဘာ ၁ တန် ဒေါ်လာ ၂၅၅၀ မှ ၂၆၅၀ ဈေးနဲ့ ရောင်းချမှုရှိနေပါတယ်။            CMK