Main menu

Background

မူဆယ်မှ ရော်ဘာ အပို့ပို

Mon, 10/29/2012 - 05:41 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ရော်ဘာ ၄၆၂ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကမူဆယ်မှ တင်ပို့မှုထက် ၂၆၅ တန် အပို့ပိုခဲ့ပါတယ်။ ချင်းရွှေဟော်နဲ့ မြိတ်စခန်းများမှ ယခုအပတ်တင်ပို့မှုကတော့ ယခင်အပတ်ထက် တန် ၆၄၀ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်မှRSS-3 ၂၅၇ တန် ကျော်နဲ့ MSR-20 ၁၀၆ တန်ကျော်၊ မြိတ်မှ RSS-3 တန် ၄၀ နဲ့ RSS-5 တန် ၂၀ အသီးသီးအပို့ရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ရော်ဘာအဆင့်စုံ ၈၈၆ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၃၈၁ တန် လျော့နည်းခဲ့ ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ရွှေလီမြေပြင်ဈေးများ ကိုကြည့်ရာမှာ ပြည်တွင်းရော်ဘာဈေး ကျသော်လည်း တစ်ဖက်နိုင်ငံဈေးမှာRSS-3 မကျဘဲ RSS-5 ဈေးလျော့ကျလျက် ရှိတယ်လို့ သိရပါတယ်။

မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု         ယခင်      ပြောင်းလဲမှု    %     ယခု    ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၂၇၀၀၀    ၂၅၉၃၅၀၀    ၆၆၅၀၀       ၃    ၃၀၈၅     ၃၀၈၁          ၄      ၀ .၁RSS - 5    ၂၅၂၇၀၀၀    ၂၅၉၃၅၀၀    ၆၆၅၀၀        ၃    ၂၉၄၃    ၃၀၈၁        ၁၃၈       ၄ MIRT (DOBT)