ပန်းသီးစားခြင်းဖြင့် နှလုံးရောဂါ ကာကွယ်နိုင်

ပန်းသီးတစ်ရက် နှစ်လုံး ပုံမှန်စား သုံးပါက ကျန်းမာရေးအတွက် အထူး ကောင်းမွန်စေပြီး  နှလုံးရောဂါဖြစ်နိုင် ခြေမှ ကာကွယ်နိုင်ကြောင်း နှလုံးရော ဂါအထူးကု  ဆရာဝန်ကြီးတစ်ဦးမှ ဆို သည်။

ပန်းသီးနှစ်လုံးနေ့စဉ်စားသုံးပေး မည်ဆိုပါက  မီးယပ်သွေးဆုံးပြီး  မိန်းမ များ သွေးကြောထဲမှာ  ကိုလက်စထ ရောပါဝင်မှုကို  လျော့နည်းစေနိုင်ပြီး  နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်း ခြင်း၊ Heart Attack နှင့် လေဖြတ်ခြင်း Stroke တို့၏အန္တရာယ်မှ ကာကွယ် ပေးနိုင်ကြောင်း သိရသည်။နေ့စဉ် ပန်းသီးနှစ်လုံး စားသုံးပြီး နောက် ခြောက်လခန့်  အကြာတွင် သွေးထဲ၌ ကိုလက်စထရော  ပါဝင်မှုကို လျော့နည်းသွားစေနိုင်ပြီး  မကောင်း သောကိုလက်စထရော  LDL များပါဝင် မှုကိုလည်း လျော့နည်းစေနိုင် သည်။ ထို သို့ လျော့နည်းစေခြင်းဖြင့် သွေးလွှတ် ကြောများ၌  အဆီပိတ်ဆို့မှုကို ကာ ကွယ်နိုင်ပြီး သစ်သီးများနှင့် ဟင်းသီး ဟင်းရွက်များစားသုံးခြင်းသည် နှလုံးနှင့် သွေးကြောကျန်းမာရေးကိုမြှင့်တင်ပေး နိုင်သဖြင့် ပန်းသီးသာမက အခြားသော သစ်သီးများကိုလည်း    စားသုံးသင့် ကြောင်း ၎င်းဆရာဝန်ကြီးမှ ပြောကြား ခဲ့သည်။