အုန်းဆီသည် သွားပိုးများအား တိုက်ခိုက်နိုင်စွမ်းရှိသည်ဟုဆို

အုန်းဆီသည် သွားများ ပျက်စီးကိုက်ခဲစေသည့် ပိုးမွှားများအား တိုက်နိုင်စွမ်းရှိကြောင်း သိပ္ပံပညာရှင်များ ၏ လေ့လာတွေ့ရှိမှုအရ သိရသည်။ သွားများအား ပျက်စီးဆွေးမြည့် ပုပ်သိုးစေသည့် ပိုးမွှားများအား အုန်းသီးမှတိုက် ခိုက်နိုင်စွမ်းရှိကြောင်း သိရသည်။

အုန်းဆီသည် အစာချေဖျက်နိုင်သော အင်ဇိုင်းများပါဝင်ပြီး ပိုးမွှားများသတ်နိုင်သည်။ အထူးသဖြင့် သွားပိုးစား၊ သွားကိုက်၊ သွားပျက်စီးခြင်းအားပြုလုပ်နေသော သွားပိုးများကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ဆေးပညာရှင်များ ကဆိုသည်။စက်မှုထွန်းကားပြီး ဖွံ့ဖြိုးသည့်နိုင်ငံများရှိ လူကြီးအများစုနှင့် ကလေးငယ်များတွင် သွားနှင့်ဆိုင်သော ရောဂါ ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားလျက်ရှိပြီး အုန်းဆီတွင်ပါဝင်သော အင်ဇိုင်းသည ်သွားကျန်းမာရေး အတွက် ကောင်းမွန်ပြီး အုန်းဆီတွင်ပါဝင်သော အင်ဇိုင်းများဖြင့် ထုတ်လုပ်ထားသော သွားတိုက်ဆေးများကို လည်း ဈေးကွက်အတွင်း ဝင်ရောက်မှုရှိလာနိုင်ကြောင်း သိရသည်။