အရက်နှင့် အားဖြည့်အချိုရည် တွဲဖက်သောက်သုံးပါက နှလုံး၏ လုပ်ငန်းဆောင်တာများအား ထိခိုက်စေနိုင်
အရက် သောက်သုံးသူများသည် အချို့အချိုရည်များဖြင့် တွဲဖက်သောက် သုံးနေကြပြီး၊ ထိုသို့ အရက်နှင့် အချို ရည်တို့အား တွဲဖက်သောက်သုံးပါက ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်စေနိုင် ကြောင်းဆေးပညာရှင်များကဆိုသည်။ကဖိန်းဓာတ်မြင့်မားစွာပါဝင်သော အားဖြည့် အချိုရည်များနှင့် အရက် တွဲ ဖက်သောက်သုံးပါက နှစ်ခြိုက်စွာအိပ် မပျော်ခြင်း၊ နှလုံး၏ လုပ်ငန်းဆောင် တာများကို ထိခိုက်စေခြင်း၊ နှလုံးခုန် နှုန်း မြင့်တက်ခြင်းတို့ အား ဖြစ်ပေါ်စေ နိုင်ပြီး အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရသည်။အားဖြည့်အချိုရည်များသည် အရက်၏ ထိုင်းမှိုင်းစေတတ်သော အာနိသင်အချို့အား ပယ်ဖျက်စေပြီး အိပ်ပျော်ရန် ခက်ခဲခြင်း ဝေဒနာအား ခံစားရရှိေ စပြီး နှလုံးခုန် မြန်ခြင်းအား ပုံမှန်ထက် ခြောက်ဆ၊ အိပ်စက်ရန် ခက်ခဲမှု လေးဆ မြင့်တက်စေနိုင် ကြောင်း သိရသည်။
