Main menu

Background

ဆေးဆိုးကျောက်များကို လိမ်လည်ရောင်းချမှုများရှိလာ၍ အရောင်းအဝယ် မမှားအောင် ကျောက်မျက်အကျိုးတော်ဆောင် ကော်မတီနှင့် လာရောက် ညှိနှိုင်းဝယ်ယူနိုင်

Mon, 10/29/2012 - 06:16 -- Anonymous (not verified)

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း တွင် ကျောက်လုပ်ငန်း မကျွမ်းကျင်သူများ အား ဆေးဆိုးကျောက်များကို ကျပ်သိန်း ၄၀ - ၅၀ တန်ဖိုးရှိ ဈေးနှုန်းအမြင့်ပိုင်းကျောက် များနဲ့ ရောထွေး ရောင်းချ မှုများရှိနေသဖြင့် ၎င်းကျောက်များအား ဝယ်ယူလိုပါက အကျိုး ဆောင် ခ ပေးစရာမလို ဘဲ ကျောက်မျက်အကျိုးတော်ဆောင်ကော်မတီနဲ့ လာရောက်ညှိနှိုင်း  ဝယ်ယူနိုင် ပါကြောင်း ကော်မတီဥက္ကဋ္ဌ  ဦးခင်မောင် ဆွေက ပြောပါတယ်။

"အကျိုးတော်ဆောင်ကော်မတီက ရောင်းမှား ဝယ်မှား မဖြစ် အောင် ဖြေရှင်းပေးရတယ်။ ဝိုင်းထဲမှာ ကျပ်သိန်း ၂၀၀ - ၃၀၀ တန် ကျောက်တွေဆို ဈေးပေးပြီးမှ မယူတဲ့အခါ ဆိုင်ခန်းရှင်နဲ့ ကုန်သည် ကြားမှာ ရှင်းပေးရတယ်။ ဆေးဆိုးကျောက်တွေ လိမ်လည်ရောင်းတာ တွေလည်း ရှိပါတယ်။ ဒါက ရောင်းဝယ်နေကြ ကုန်သည်က မလုပ်ရဲဘူး။ ခုလို မြေအရောင်းအဝယ်အေးနေချိန် မြေသမားတွေ၊ ရွှေသမားတွေ ဒီဘက်လှည့်လာချိန်၊ တရုတ်ဝယ်လက်တွေကို ရောင်းတာမျိုးရှိခဲ့ဖူးပါတယ်။ ဆေးဆိုးမှန်းမသိလို့ဝယ်သွားပြီးမှ ဆေးဆိုးကျောက်မှန်းသိလို့ ပြန် လာပြော တဲ့အခါ  ဝယ်ယူသူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လိုက်စုံစမ်းတဲ့အခါ ဆေး ဆိုးကျောက်ရောင်းတဲ့သူက လိပ်စာမပါ အရောင်းအဝယ် လုပ်နေကြ လူမဟုတ်တာ တွေ့ရတယ်။ အဲဒီကိစ္စတွေကို  သုံးရက်တစ်ခါလောက်ဖြေ ရှင်းရတယ်။ အပွင့်၊ လွှာချပ်နဲ့ လက်ကောက်ဝိုင်းတွေမှာ ဖြေရှင်းရ တယ်။ ဆေးဆိုးကိစ္စကတော့ နှစ်ဖွဲ့မိ ထားတယ်။ နောက်ပိုင်းမှာခုလို ကိစ္စမျိုး တွေမဖြစ်အောင် ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းထားပါတယ်။  လမ်းဆုံးထိလိုက်လို့  ဆေးဆိုးကျောက်ရောင်းတဲ့သူ  မဖော်ရင် နောက်ဆုံးလူကို ရဲစခန်းမှာ အမှုဖွင့်သွားမယ်"လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။ကျပ်သိန်း ၁၀၀ တန်ရင်းပါက အရှုံးအမြတ်ရှိလို့ မမျှော်မှန်းတဲ့ အနေအထားနဲ့ ရနိုင်ခြင်းကြောင့် တစ်ခါတစ်ရံ ဈေးပေး များပြီး၊ ပစ္စည်း မယူချင်လို့ ပြဿနာဖြစ်ရတဲ့ ဖြစ်ရပ်များ မကြာခဏ ဖြစ်ပေါ်ကြောင်း၊ ဆေးဆိုးကျောက်များကို ယခင်သောင်းဂဏန်းတန်သာ အတုလုပ်ရောင်း ချရာမှ သိန်းဆယ်ဂဏန်းထိလုပ်ပြီး၊ ရောင်းချလာခြင်းများ ရှိလာကြောင်း သိရသည်။ ဖြေရှင်းပေးရတဲ့ ကျောက်အတုများအား ဈေးကွက်အတွင်း မရောက်ဖို့ ပြန်လည် သိမ်းဆည်းမှုများပြုလုပ်ထားကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး