Main menu

Background

ဝါကျွတ်ကာလ ကားအရောင်းအဝယ်အေး ကားလေးအချို့ အရောင်းအဝယ်ဖြစ်

Mon, 10/29/2012 - 06:18 -- Anonymous (not verified)

ရန်ကုန်မြို့  ကားဈေးကွက်မှာ ဝါကျွတ်ကာလရုံးပိတ်ရက်၊ကျောင်းပိတ် ရက်များရှိနေသော်လည်း  ပွဲစားတန်း များအတွင်း လူရောကားပါ စည်ကား လျှက်ရှိကြောင်းသိရသည်။  မြို့တွင်းရှိ ပွဲစားတန်းများတွင်  လူစည်ကားေ န သော်လည်း ထင်သလောက် အလုပ်မ ဖြစ်ဘဲ အဝယ်အေးနေပြီး အရောင်းအ ဝယ်ဖြစ်လျင်လည်း ကျပ်သိန်း ၁၀၀ အထက် အင်ဂျင်ပါဝါသေးကားအချို့ သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။

အို/ဟောင်း အပ်ကားများအနေ ဖြင့် 'ဘ'အက္ခရာ ဆက်လက်အပ်နှံမည် ဟုသိရသော်လည်း 'ဗ'အက္ခရာ စလစ် ဈေးနှုန်းများမှာ အမြင့်ဈေးဖြင့် ဈေးငြိမ် နေပြီး န၊ ပ စလစ်များလည်း ၎င်းနှင့် ကျပ် ၁၀ သိန်းဝန်းကျင် ကွာခြားကာ ဈေးပေါက်နေကြောင်းသိရသည်။စလစ် သွင်းကားများ  ယခင်လလယ်ခန့်က ဈေးမြင့်ခဲ့သော်လည်း ယခုအခါ ကား အရောင်းပြခန်းများမှာပင် ညှိနှိုင်းပေး သည့် ဈေးတစ်ရပ်ဖြင့်လျှော့၍ ရောင်း ချပေးနေကြောင်း၊   အင်ဂျင်ပါဝါကြီး ကားများ နယ်အဝယ်နည်းသွားသဖြင့် ဈေးကွက်အေးလာကြောင်း၊ ပွဲစားတန်း များတွင် ၂၀၀၇ အထက်  ဖရီးပါမစ် ကားငယ်များအား  အများအားဖြင့် ကိုယ်တိုင်တင်သွင်းရောင်းချသူများ ညှိ နှိုင်းဈေးဖြင့် ကိုယ်တိုင်ဈေးဖြတ်ကာ ပိုမို ရောင်းချလာကြပြီး  ဈေးတန်းများမှာ ကားအရောင်းပြခန်းများထက်  သက် သာသဖြင့် အရောင်းအဝယ် အနည်း ငယ်ရှိကြောင်း အပေါ်ဝိုင်းဝါရင့် အကျိုး ဆောင် ကိုမြင့်ကျော်မှပြောသည်။ ယခုအခါ  အရောင်းပြခန်းများ တွင်ပါ အေအေ အငှားယာဉ် အသစ် မျိုးစုံရောင်းချပေးနေသော်လည်း ထင် သလောက်မရောင်းရကြောင်း၊ကားသစ် များမှာ ဈေးနှုန်းမြင့်မားနေဆဲဖြစ်သဖြင့် အငှားယာဉ်ဟောင်း   အပ်နှံပြီးသူများ ကလည်း စလစ်သာ လက်လွှဲရောင်းချ ကြပြီး၊ အို/ဟောင်းအပ်နှံအက္ခရာဝေး သေးသည့်  ရုပ်ခံကောင်းသေးသည့် ယခင်အက္ခရာ(က)တန်းကားများ ကျပ် သိန်း ၇၀၊ ၈၀ ဝန်းကျင်ဖြင့် ပြန်လည် ဝယ်ယူပြီး အငှားယာဉ်  ထောင်ကြ ကြောင်း  ဝါရင့်  အငှားယာဉ်မောင်း ဦးလေးမောင်မှ ပြောသည်။ သို့ရာတွင် ယခုတလောအတွင်း အငှားယာဉ်ကား သစ်များ၊ တစ်ဦးချင်း သွင်းလာသူများမှ ဈေးချရောင်းမှုများလာပြီး  စီအန်ဂျီသုံး ပရိုဘောက်အား ကျပ် ၁၆၅ သိန်းဖြင့် ပင် ညှိနှိုင်းရောင်းချသွားခြင်းများ  ရှိ လာကြောင်း ၎င်းမှပြောသည်။SN