Main menu

Background

သီတင်းကျွတ်ကာလ နီးပြီဖြစ်လို့ အိမ်ငှားသူပိုများလာ

Mon, 10/29/2012 - 06:22 -- Anonymous (not verified)

မန္တလေး အိမ်ခြံမြေဈေးကွက်မှာ သီတင်းကျွတ်ကာလနီးပြီဖြစ်လို့ အိမ်ခြံ မြေ ငှားရမ်းသူပိုပြီးများလာခြင်းကြောင့် ပစ္စည်းရှားနေကြောင်းသိရပါတယ်။အိမ် ငှားဈေးနှုန်းမှာ  ယခင်လများ  နည်း တူ ပုံမှန်ဈေးသာရှိပြီး၊ ယခင်နှစ် ငှား ရမ်းမှုထက် အနည်းငယ် ပိုလာကြောင်း သိရပါတယ်။

အောင်တော်မူရပ်ရှိ အိမ်ခြံမြေအကျိုးဆောင် ဦးအေးသိန်းက "မန္တလေးအိမ်ခြံမြေဈေးကွက်က မြို့သစ်ပိုင်းမှာ ထက်ဝက် လောက်အရောင်းအဝယ်ကျဆင်းပြီး၊ မြို့တွင်းပိုင်းမှာ အရောင်းအဝယ်စလိုက်လာပြီဖြစ်ပါတယ်။ အငှားဈေးကွက်ကလည်း မြို့တွင်းပိုင်းမှာ ပိုပြီးများတယ်။ အရင်လကထက် သီတင်းကျွတ်ကာလနီးလို့ ပိုပြီးအငှားများ လာတာ။ ဆေးရုံကြီးအနီးနဲ့ အထက ၁၆ ကျောင်းအနီးဆို အငှားအများဆုံးဖြစ်လို့ ပစ္စည်းမရှိသလောက်ပဲ။ ဒါကြောင့် အငှားနေပြီးသားဖြစ်တဲ့သူကလည်း ကိုယ့် အလုပ်နဲ့ နေထိုင်သွားလာရတာ အဆင်ပြေတယ်ဆို ဆက်ပြီး စာချုပ်ချုပ်တာလဲရှိတယ်။ ခုလာငှားတဲ့သူတွေက အရင်အိမ်ငှား နေကျလူတွေသာမက ကိုယ့်သားသမီး ကို ကျောင်းထားချင်လို့နဲ့ စီးပွားရေးအရ လာငှားကြတာလဲရှိပါတယ်။ အဝေးကလူတွေပါ ငှားရမ်းမှုရှိလာတယ်" လို့ ပြောပါတယ်။အိမ်ငှားဈေးကွက်မှာ အောင်တော်မူ၊ ဆေးရုံကြီးတစ်ဝိုက်၊ ၈၁ လမ်း၊ ၈၂ လမ်း၊ အောင်တော်မူ ရပ်များမှာ အငှားများပြီး၊ မြို့သစ်ပိုင်းမှာအိမ်ကောင်းတဲ့ "ဏ" နဲ့ "တ"ရပ်ကွက်များသိပ္ပံလမ်းအနီး၊ မဟာမြိုင်ရပ်များမှာ အငှားရှိကြောင်း သိရပါတယ်။ ဇူးဇူး - မန္တလေး