မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းသို့ ဖားကန့်ကျောက်များ၊ အရည် အသွေးကောင်းကျောက်များ စတင် ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါ တယ်။
ကျောက်စိမ်းရောင်းဝယ် လုပ်ကိုင် သူတစ်ဦးက "ဝိုင်းထဲကို ပစ္စည်းဝင်လာ တာ ၃၊ ၄ ရက်ရှိပြီ။ ပစ္စည်းရတော့ အလုပ်လက်မဲ့ မဖြစ်တော့ဘူးပေါ့။ အရင်ကပစ္စည်းနည်းနေတော့အရောင်း အဝယ်လုပ်ရတာ အဆင်မပြေဘူး။ အမ်ပိုလီယမ်က လက်ကျန်ရှိတဲ့ ကျောက်နဲ့ပဲ အရောင်းအဝယ် လုပ်ခဲ့ ရတာ။ ပုံမှန်ဆိုရင်တော့ သြင်္ကန်ကာလ နဲ့ မိုးတွင်းပိုင်းမှာ ကျောက်တွင်းတွေ ပိတ်နေကျ။ ဟိုတလောက နယ်မြေ အခြေအနေကြောင့် တွင်းတွေပိတ် ရတော့ ပစ္စည်းမထွက်တဲ့ကာလ ကြာ သွားတယ်။ အရောင်းအဝယ်တွေလည်း အေးသွားခဲ့တယ်။ ခုတော့ လမ်းဖွင့်ပြီမို့ ဖားကန့်ကျောက်တွေ စဝင်လာပါပြီ"လို့ ပြောပါတယ်။ ဖားကန့်ကျောက်များ ဝင်လာပြီး အရောင်းအဝယ် ကောင်းလာသော် လည်း ယခင်နှစ်များကလောက် အရောင်းအဝယ်မကောင်းသေးကြောင်း၊ ကျောက်ဝိုင်းတွင် အပွင့်ဝိုင်း၊ လွှာချပ် ဝိုင်း၊ လက်ကောက်ဝိုင်း၊ ဖြတ်သေးဝိုင်း နဲ့ ဂွင်ဝိုင်းများအနက် လွှာချပ်နဲ့ လက်ကောက်ဝိုင်းမှာ အရောင်းအဝယ် ပိုသွက်ကြောင်း၊ သီတင်းကျွတ် ကာလ ဆောင်းရာသီမှာ ပြည်ပဧည့်များ ဝင် ရောက်မှုပိုလာပါက ပိုပြီးအရောင်း အဝယ်ကောင်းမှာဖြစ်ကြောင်း၊ တရုတ် ဝယ်လက်များနဲ့လည်း ပုံမှန်အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး