Main menu

Background

ချင်းရွှေဟော်မှ အမယ်သစ် တင်သွင်း

Mon, 10/29/2012 - 06:25 -- Anonymous (not verified)

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုပြုလုပ် နေသော နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဟာ ပို့ကုန် များကို ဦးစားပေး တင်ပို့လျက်ရှိတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ သွင်းကုန်ပိုင်းအနေ နဲ့ ဆောက်လုပ် ရေးသုံးဘိလပ်မြေနဲ့ စားသုံးကုန်ဟင်းချိုမှုန့်တို့ကို သာ အဓိကတင်သွင်းလျက်ရှိ ပါတယ်။ ယခုအခါ ကုန်သွယ်မှုများဆက်တိုက်ဖြေလျော့နေတာနဲ့ အမျှ ဒေသခံကုန်သည်များ အနေနဲ့ ပိုမိုလုပ်သာကိုင်သာ ရှိလာပြီး အချိတ်အဆက်မိကာ  ချင်းရွှေဟော်ရဲ့ သွင်း ကုန်ပစ္စည်းအမယ်သစ်တစ်မျိုးကို တင်သွင်း မယ်လို့ သိရပါတယ်။ ကွမ်းလုံအခြေစိုက် ဖန်ရင် ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာရဲ့ ပြောပြချက် အရ ပြည်တွင်းရှိစက်ရုံများနဲ့ အချိတ်အဆက်မိကာ စက်ရုံသုံးကုန်ကြမ်းဖော့ပုံးပြုလုပ်မဲ့ ပလတ်စတစ် စေ့  Expandable Polystyrene (C8H8)  တန် ၁၀၀ ကို စတင်တင်သွင်းမှာဖြစ်ကြောင်း၊ နောင်မှာ လည်း စက်ရုံလိုအပ်ချက်အရ ဆက်လက်ပြီးတင် သွင်းသွားမယ်လို့ ပြောပြပါတယ်။ ယခင်က ပင် လယ်ရေကြောင်းကုန်သွယ်မှုမှတင်သွင်းခဲ့ပြီး စက်ရုံ သို့ ရောက်ရှိရန် ရက် ၂၀ ခန့်ကြာမြင့်ကြောင်း၊ ချင်းရွှေဟော်မှတစ်ဆင့် တင်သွင်းပါက ၅ ရက်ဖြင့် ရန်ကုန်သို့ရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။ Auto- matic Licencing  စနစ်အရ ကျပ်ငွေနဲ့ သွင်းကုန် လိုင်စင် လျှောက်ထားနိုင်တဲ့အတွက် နေ့ချင်းပြီး သွင်းကုန်လိုင်စင်ရခြင်း၊ လိုင်စင်စောင့်ဆိုင်းရမှု၊ ငွေလွှဲပေးချေမှု လုပ်ငန်းများ လျော့နည်းသွားတဲ့ အတွက် သွင်းကုန်ပစ္စည်းများ မြန်မြန်ဆန်ဆန်တင် သွင်းနိုင်မယ်လို့ပြောပါတယ်။ ပို့ကုန်တင်ပို့မှုအပြင် သွင်းကုန်ပစ္စည်းများ ကိုလည်း  ကြိုးစားတင်သွင်း တော့မှာဖြစ်ရာ  "ချင်းရွှေဟော်စခန်းမှ ကုန်သွယ် မှုပြုနိုင်ရေးလုပ်ငန်းရှင်များသို့" သတင်းကောင်းပါး လိုက်ရပါတယ်.... အိုပါး-ချင်းရွှေဟော်