Main menu

Background

ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုမှုများနဲ့ အထူးအထွက်တိုးစပ်မျိုးစပါး စိုက်ပျိုးရေးကိစ္စများ ကွင်းဆင်းဆွေးနွေးပွဲပြုလုပ်

Mon, 10/29/2012 - 06:25 -- Anonymous (not verified)

မြန်မာ့ဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်အညီ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ထန်း ကုန်းအုပ်စု ရှိ တောင်သူလယ်သမားများနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြု လုပ်ခဲ့ကြပါတယ်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲအား ပဲခူးတိုင်းဒေ သကြီး၊ ပြည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိ သူများမှ အောက်တိုဘာလ ၁၉ ရက် နံနက် ၈ နာရီတွင် ရွှေတောင် မြို့နယ် ထန်းကုန်းအုပ်စုရှိ အထူးအထွက်တိုးစပ်မျိုးစပါးစိုက်ခင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ယခင်က တောင်သူများအနေဖြင့် လက်နဲ့ရိတ်ပြီး တလင်းတွင် နွားများဖြင့် နယ်လှေ့ခဲ့ကြရာမှာ နောက် ပိုင်းတွင် ခြွေလှေ့စက် များဖြင့် ခြွေလှေ့ လာကြတာကိုတွေ့ရပါတယ်။ ယခုလို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းဖြင့် တောင်သူများ အချိန်ကုန် သက်သာစေခြင်း၊ အလေအလွင့် နည်းပါးပြီး ယခင်က ထက် တစ်ဧက ၁၀ တင်းနှုန်းခန့် လေလွင့်မှု နည်းပါးလာတဲ့အတွက် ဝင်ငွေပိုမိုလာနိုင်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုခြင်းဖြင့် ရရှိလာမည့် အားသာ ချက်၊ အားနည်းချက်၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးပြီး စိုက်ပျိုးရေး နည်းစနစ်များ မှန်ကန်စွာ အသုံး ပြုပါက အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း၊ လက်ရှိလယ်ယာမြေ များအား စက်ကိရိယာ များဖြင့် ပြောင်းလဲသုံးစွဲပါက ပြုပြင်ရမည့် လယ်မြေပုံသဏ္ဌာန်အမျိုးအစားများ၊ ကန်သင်းဖြောင့်ပြီး စတုဂံပုံ သဏ္ဌာန် လယ်မြေများဖြစ်အောင် ဆောင်ရွက်ပြီး၊ မြေညှိခြင်းများ ပြုလုပ်ပါက ရေအသွင်းအထုတ်ကအစ ထိန်းညှိနိုင်ကြောင်း၊ ရိတ် သိမ်းခြွေလှေ့စက်များအသုံးပြုပါက အချိန်တိုအတွင်း အလုပ်ပြီး စီးအောင် ဆောင်ရွက်နို င်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ရဲ့ လယ်ယာမြေ၊ ရာသီဥတုအခြေအနေနဲ့ကိုက်ညီ မည့် အထူးအထွက် တိုး စပ်မျိုးစပါးများ ရွေးချယ်စိုက်ပျိုးသွားပါက မိမိတို့ဘ၀ တိုးတက် ရုံမျှမက နိုင်ငံတော်ထုတ်လုပ်မှုအပိုင်း ပိုလျှံလာပြီး ပြည်တွင်းစားသုံး မှု ဖူလုံသလို ပြည်ပသို့ တင်ပို့နိုင်သဖြင့် ပြည်ပဝင်ငွေများ ပိုမိုရရှိပြီး တောင်သူများရဲ့ ဘဝတွေလဲ ပြောင်းလဲပြီး တိုးတက်မြင့်မားလာမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါ တယ်။                                     ခင်ဆွေဝင်း-ပြည်