Main menu

Background

နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ခဲ့သော မြန်မာ့ဆေးရွက်ကြီး

Mon, 10/29/2012 - 06:27 -- Anonymous (not verified)

မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာ့ဆေးရွက်ကြီးအား ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်မှုအနေဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် တန်ဖိုး ကန်ဒေါ်လာ ခုနစ်ထောင်ကျော် ၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ကိုးထောင်ကျော် ၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ လေးထောင်ကျော် အသီးသီးတင်ပို့နိုင်ခဲ့ရာမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၃ သိန်းကျော်အထိ ထူးထူးခြားခြား သိသိသာသာ ပိုမိုတိုးမြှင့်တင်ပို့နိုင် ခဲ့ပြီး နိုင်ငံခြားဝင်ငွေပိုမိုရှာဖွေ ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသို့ တန်ဖိုး ကန်ဒေါ်လာ ၂၁ သိန်းကျော်နှင့် အိန္ဒိယ နိုင်ငံသို့ ၁၂ သိန်းကျော်ဖိုး အသီးသီးဈေးကွက်သစ်အဖြစ် ရှာဖွေတိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းကြောင့် သိသိသာ သာကြီး ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်သူ တောင် သူများအတွက် အကျိုးအမြတ် ပိုမိုရရှိစေတဲ့အတွက် ယခုထက်ပိုမို၍ ဈေးကွက်သစ်များရှာဖွေပြီး နိုင်ငံ တော် အတွက် နိုင်ငံခြား ဝင်ငွေပိုမိုတိုးမြှင့်ရှာဖွေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားနိုင်ကြစေဖို့ သတင်း ကောင်းပါးအပ်ပါတယ်ခင်ဗျာ...။      Export  Mg Mg Lwin