Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 10/29/2012 - 06:36 -- Anonymous (not verified)

ဂရင်းဘိုရို (အမေရိကန်ပြည်ထောင်စု) အမေရိကန်ပြည်ထောင်စုရဲ့ စီး ပွားရေး တိုးတက်နှုန်း နှေးကွေးတာနဲ့ ဥရောပမှာစီးပွားရေးဆုတ်ကပ်ဖြစ်နေ တဲ့အတွက်ပစ္စည်းအရောင်းကျဆင်း တဲ့အတွက် ဖို့ဒ်မော်တာနဲ့ဒေါင်ကင် မီကယ် အပါအဝင် ကုမ္ပဏီပေါင်း များစွာက အလုပ်သမား အမြောက် အမြားကိုထုတ်ပယ်ခဲ့ရပါတယ်။ ဒီဇင် ဘာ ၁ ရက်ကစပြီး အမေရိကန် ပြည် ထောင်စုရှိကုမ္ပဏီတွေက ပြည်တွင်း ပြည်ပရှိ အလုပ်သမားတွေ ထုတ် ပစ်တာ ၆၂၆၀၀ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ် နှစ်စမှ အခုထိ အများဆုံး အရေအတွက် ဖြစ်ပါတယ်။ Source.bloomberg.com

 
ဘန်ကောက် ထိုင်းနိုင်ငံရဲ့ ပို့ကုန်ဖွံ့ဖြိုးမှုနှုန်းက ၅ ရာခိုင်နှုန်းပဲရှိမယ်။ ဝန်ကြီးဌာနက ခန့်မှန်းထားခဲ့တဲ့ ၁၅ ရာခိုင်နှုန်းကို ရောက်နိုင်မှာမဟုတ်ကြောင်း ထိုင်း နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ် ရေးဌာနဒုတိယ ဝန်ကြီးပွမ်းဆာရာပို့က အောက်တိုဘာ ၂၄ ရက်က ပြော ကြားချက်ကို ကိုးကားပြီးထိုင်း သတင်း အေဂျင်စီ က ပြောပါတယ်။Source.bloomberg.com
တောင်ကိုရီးယားရဲ့ တတိယသုံးလပတ် တိုးတက်နှုန်းနိမ့်ကျ ရင်းနှီးမြှုပ်နှံမှု အားနည်းတဲ့ အ တွက် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွား ရေး ယခုနှစ် တတိယ သုံးလပတ်မှာ သုံးနှစ်တာ ကာလအတွင်း အနိမ့်ဆုံး နှုန်း သို့ရောက်ရှိခဲ့ကြောင်း တောင် ကိုရီးယား ဗဟိုဘဏ်က အောက်တို ဘာ ၂၆ ရက်က ပြောပါတယ်။ တောင်ကိုရီးယားရဲ့ စုစုပေါင်း ပြည် တွင်းထုတ်လုပ်မှု (ဂျီဒီပီ)က ဇူလိုင်-စက်တင်ဘာ သုံးလပတ်တွင် သုံးလ ပတ် အလိုက် တိုးတက်နှုန်း သုည ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။Source.Yonhap News
လန်ဒန် ဥရောပမှာတရုတ်နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုကတရုတ်နိုင်ငံမှာဥရောပရဲ့ ၂၀၁၂ ခုနှစ်ပထမသုံးလ ပတ်ရင်းနှီး မြှုပ်နှံမှုထက်  သာလွန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ဥရောပမှာ ရင်းနှီးမြှုပ် နှံမှု သဘောတူစာချုပ် ၃၂ ခုရှိပြီး တရုတ်နိုင်ငံရှိ ဥရောပ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံဖို့သဘောတူစာချုပ်က ၂၆ ခု သာရှိကြောင်း အောက်တိုဘာ ၂၆ ရက်က PWC   ရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။Source.xinhua