Main menu

Background

တောင်ကိုရီးယားနိုင်ငံက အီရန် ရေနံကို ဆက်လက်တင်သွင်း

Mon, 10/29/2012 - 06:38 -- Anonymous (not verified)

ယခင်နှစ်လက ဥရောပ သမဂ္ဂ (အီးယူ) ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ရေနံတင်သွင်းတာကိုရပ်ဆိုင်းခဲ့ပြီးနောက် အီရန်နိုင်ငံကရေနံတင်သွင်းမှုကို တောင် ကိုရီးယားနိုင်ငံက ဆက်လက်ဆောင် ရွက်မှာဖြစ်ကြောင်းနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို တားဆီးဖို့ ချမှတ်ထားတဲ့ပိတ်ပင်မှုတွေကို ရှောင် ကြဉ်ဖို့အတွက် အီရန်နိုင်ငံရဲ့ အာမခံ ကိုထားရှိပြီး တင်သွင်းမှာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ စက်တင်ဘာ စုစုပေါင်းရေနံစိမ်း တင်သွင်းမှုက ယခင် နှစ်ကနှင့်နှိုင်းယှဉ်ရင် ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး စည် ၇၈ ဒသမ ၃၆ သန်း တစ်ရက်စည် ၂ ဒသမ ၆ သန်းအသုံးပြုလျက်ရှိကြောင်း နိုင်ငံ တောင်ပိုင် ကိုရီးယားအမျိုးသားေ ရနံ ကော်ပိုရေးရှင်း KNOC  က အောက် တိုဘာ ၂၂ ရက်မှာပြောခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ရေနံစိမ်း တင်သွင်းရာမှာပဉ္ဓမမြောက်အများဆုံး နိုင်ငံဖြစ်ပြီး အီရန်နိုင်ငံရဲ့အကြီးမား ဆုံး ဖေါက်သည်ဖြစ်ပါတယ်။ ယခုနှစ် ပထမ ကိုးလအတွင်းအီရန်နိုင်ငံက ရေနံတင် သွင်းမှုက စည် ၃၈ ဒသမ ၇၇ သန်း ရှိပြီး ယခင်နှစ်ကနဲ့နှိုင်းယှဉ်ရင် ၄၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း KNOC ကပြောပါတယ်။ တောင်ကိုရီး ယားရေနံချက်လုပ်ငန်းများက အောက် တိုဘာမှာရောက်ရှိမဲ့ရေနံတင်သွင်းမှု ကို ပြန်လည်လက်ခံမှာဖြစ်လို့ တစ်လကို ၆ သန်း တစ်ရက် စည် ၂၀၀၀၀၀ ရှိမှာ ဖြစ်တဲ့အတွက် အပြည့်အ၀ ပြန်လည် တင်သွင်းမဲ့ အခြေအနေ ရှိပါတယ်။ အီရန်နိုင်ငံက နျူကလီးယားလက် နက် ထုတ်လုပ်မည်ဟု သံသယရှိတဲ့ အတွက် အနောက်နိုင်ငံများက အီရန် နိုင်ငံကို စီးပွားရေး ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံက အရပ်ဘက်တွင် သုံးရန်အ တွက်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။    Source.reuters.com