Main menu

Background

အမေရိကန်တွင် အလုပ်အကိုင် အပြည့်အ၀ ရရှိဖို့အတွက် နှစ်ပေါင်းများစွာကြာမည်

Mon, 10/29/2012 - 06:38 -- Anonymous (not verified)

အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေး ဆုတ်ကပ် အကျပ်အတည်း ရှည်ကြာဦးမည်ဖြစ်သည့်အတွက် အလုပ်အကိုင် အပြည့်အ၀ ရရှိရေးအတွက် နှစ်ပေါင်းများစွာ ကြာဦးမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု မှ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပေါခရူမင်က အောက်တိုဘာ ၂၂ ရက်ကသတိပေး ပြော ကြားပါတယ်။ အိမ်ခြံမြေကဏ္ဍ ပြန်လည် ဦးမော့လာခြင်းနဲ့ အလုပ်လုပ်နိုင် တဲ့ လူဦးရေမှာ အလုပ်အကိုင် ဖန်တီးမှုက စီးပွားရေးဖွံ့ဖြိုးမှုကိုကျော်လွန်နေ ကြောင်း သို့သော် သတင်းက သတင်းကောင်းဖြစ်ပေမဲ့ အကောင်းစားကြီး မဟုတ်ကြောင်း နယူးယောက် တိုင်း သတင်းစာတွင်ပါရှိတဲ့ ဆောင်းပါး တစ် စောင်မှာ ခရူမင်က ဖော်ပြပါတယ်။

ထုံးစံအားဖြင့် ဘဏ္ဍာရေးအကျပ် အတည်းများဖြစ်ပွားပြီးနောက်ပိုင်းတွင် အလုပ်လက်မဲ့ဖြစ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုနည်းသော နှစ်ပေါင်းများစွာရှိနေတတ် ကြောင်း၊ အကျပ်အတည်းမဖြစ်မီ ကလည်း ကြွေးမြီပူဖေါင်းေ ပါက်ကွဲမှုများ ဖြစ်ပွားပြီး မိသားစုများနဲ့ ကုမ္ပဏီများတွင် ကြွေးမြင့်မားစွာ ကျန်ရှိနေတတ် ကြောင်းသူကပြောပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် သုံးစွဲစရိတ်တွေကို လျှော့ချလာပြီး အပြန်အလှန်အားဖြင့် စီးပွားရေးတစ်ခုလုံးကို ကျဆင်းသွားစေ နိုင်ကြောင်းသူကပြောပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပြီးတဲ့နောက် တကယ်တမ်းလုပ်ရမဲ့အ လုပ်အစိုးရက အသုံးစရိတ်ကို ယာယီတိုးပေးဖို့ဖြစ်ပြီး အလုပ်အကိုင်ရရှိမှုကို ထိန်းသိမ်း ဆောင်ရွက်ဖို့ဖြစ်ကြောင်းနဲ့ ပုဂ္ဂလိက ကဏ္ဍက လက်ကျန် ရှင်း တမ်းကို ပြင်ဆင်ဆောင်ရွက်ဖို့ဖြစ်ပါတယ်လို့ ခရူမင်က ပြောပါတယ်။Source.xinhua