Main menu

Background

ဥရောပမှ ခရီးသည်အရောက် ကျဆင်းလို့ အင်ဒိုနီးရှားက အာရှကို အာရုံစိုက်

Mon, 10/29/2012 - 06:40 -- Anonymous (not verified)

ယူရိုဇုန်အကျပ်အတည်းက လာ မဲ့ အချိန်တိုအတွင်းမှာလျင်လျင်မြန်မြန် ဖြေရှင်းပေးနိုင်မယ့် လမ်းစမမြင်သေး တဲ့အတွက်လာမဲ့နှစ်မှာအာရှဒေသရှိ ခရီးသည်တွေကို အဓိက ရည်မှန်းချက် ထားပြီးခရီးသွားလုပ်ငန်းမြှင့်တင်ရေး အသုံးစရိတ်ကိုဆောင်ရွက်ဖို့ အင်ဒိုနီး ရှားခရီးသွားလုပ်ငန်းနဲ့ ဖန်တီးမှုစီးပွား ရေးဝန်ကြီးဌာနကစီစဉ်ဆောင်ရွက်နေ ပါတယ်။

ဒီနိုင်ငံတွေထဲမှာ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေ၊ သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့  ဂျပန်နိုင်ငံတို့ပါဝင်ကြောင်း ခရီးသွား လုပ်ငန်းနဲ့တီထွင်ဖန်တီးမှုစီးပွားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးဆပ်ပတာနီ ဝန်ဒါကပြောပါတယ်။ အာရှနဲ့သြစ တြေးလျဒေသက ခရီးသည်ဝင်ရောက် တဲ့အခြေအနေကောင်းမွန်တဲ့အတွက် လုပ်ငန်းတိုးမြှင့်ရေးနဲ့ဈေးကွက်ဝင်ရောက် တဲ့လုပ်ငန်းကိုဒီဒေသတွေမှာ အဓိက ထားဆောင်ရွက်သွား မှာ ဖြစ်ကြောင်း၊ သြစတြေးလျနဲ့အာရှဒေသကခရီးသည် တွေဝင်ရောက်လာမှုက ဥရောပကခရီး သည်ဝင်ရောက်မှု ကျဆင်းတာကိုအစား ထိုးသွားနိုင်မှာဖြစ်ကြောင်း၊၂၀၁၂ ခုနှစ် အတွက်ကျင်းပတဲ့ အင်ဒိုနီးရှားခရီး သွားလုပ်ငန်းနဲ့တီထွင်ဖန်တီးမှုစီးပွားရေး ပြပွဲမှာပြုလုပ်တဲ့အစည်းအဝေးအပြီး အလွတ်သဘောတွေ့ဆုံပွဲမှာ ဒုတိယ ဝန်ကြီးကပြောပါတယ်။ အင်ဒိုနီးရှားဗဟိုစာရင်းအင်းအေ ဂျင်စီရဲ့အဆိုအရအိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့စင်ကာပူနိုင်ငံတွေ ကအင်ဒိုနီးရှားနိုင်ငံကိုခရီးသွားအများ ဆုံးလာရောက်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ ယခုနှစ်ပထမရှစ်လမှာ မလေးရှားလူမျိုး ၇၀၄၆၄၄ နဲ့စင်ကာပူနိုင်ငံသား ၇၈၈ ၂၄၉ ဦးလာရောက်ခဲ့ကြောင်း အေဂျင် စီမှတ်တမ်းအရသိရပါတယ်။ ယခင်နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် ယခုနှစ် ဇန်နဝါရီကသြဂုတ်လအတွင်းမှာတရုတ် နဲ့ထိုင်းနိုင်ငံတွေဝင်ရောက်မှုက ၂၅ ဒသမ ၅၄ ရာခိုင်နှုန်းနဲ့ ၁၀ ဒသမ ၈၉ ရာခိုင်နှုန်းအသီးသီးတိုးတက်မှုရှိခဲ့ပါ တယ်။ ဝင်ရောက်မှုများတဲ့နောက်တစ် နိုင်ငံကဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ၂၀၁၂ ခုနှစ်ပထမရှစ်လမှာခရီးသည် ၇၄၄၉၂ ဦး ရှိခဲ့ပါတယ်။Source.jakartapost.com