Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 10/29/2012 - 06:45 -- Anonymous (not verified)

ကမ္ဘာမှာ အကြီးမားဆုံး ဖြစ်တဲ့ အမေရိကန်စီးပွားရေးကို နာလန်ထူလာ အောင် အထောက်အကူပေးဖို့အတွက် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမဲ့မူဝါဒကို ဆက်လက်ထိန်းသိမ်း မှာဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ် ကပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြား ပြီးနောက်ပိုင်းမှာ စတော့ရှယ်ယာဈေး တွေ က လေးရက်အတွင်း အနိမ့်ဆုံးကို ကျဆင်းတဲ့အတွက် အာရှငွေကြေးတွေ ရှစ်လအတွင်း အမြင့်ဆုံးနှုန်းကိုရောက် ရှိခဲ့ပါတယ်။

"အာရှငွေကြေးတွေက အတော် အတန်ခိုင်မာမှုရှိလိမ့်မယ်လို့ ကျွန်တော် တို့ ခန့်မှန်းထားပါတယ်။ အမေရိကန် ဗဟိုဘဏ်ကဘွန်းစာချုပ်တွေဆက်ဝယ် လိမ့်မယ်။ အမေရိကန်စီးပွားရေး ဖွံ့ဖြိုး လာဖို့အတွက် ငွေတိုက် စာချုပ်ေ တွပါ ဝယ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်" လို့ စင်ကာပူရှိ ABN Amro Bank  က နိုင်ငံခြားငွေဆိုင်ရာမဟာဗျူဟာမှူး ရွိုင် တီအို က ပြောပါတယ်။ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားရှိ ငွေကြေးဈေးကွက်တွေ အောက်တိုဘာ ၂၅ ရက်မှာပိတ်ပါတယ်။ အိန္ဒိယမှာ ငွေကြေးဈေးကွက်ပိတ်ပြီး ရှယ်ယာဈေးကွက် ဖွင့်ပါတယ်။
 
တရုတ်ယွမ် တရုတ်နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းက တည်ငြိမ်ပြီး ပြန်လည် ဦးမော့လာပါ တယ်။ ဒါကြောင့် ယွမ်တန်ဖိုးမြင့်တက် ဖို့အတွက် အထောက်အကူ ပေးခဲ့ ကြောင်း China Merchants Bank Co.,  က အကြီးတန်း လေ့လာ ဆန်းစစ် ရေးမှူး လျူဒေါင်လျံက ပြောပါတယ်။ ယွမ်ငွေကြေးရဲ့ တန်ဖိုးမြင့်တက်မှု နှုန်းက သုည ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အောက်တိုဘာ ၂၅ ရက်က တရားဝင် ဈေးနှုန်းနဲ့ ဈေးကွက်ငွေလဲလှယ်နှုန်းတို့ ကိုစုစည်းပေးတဲ့ ၁၉၉၃ ခုနှစ်နောက်ပိုင်း အခိုင်မာဆုံး အဆင့်ဖြစ်ပါတယ်။ တရုတ် ဗဟိုဘဏ်ကလည်း ယွမ်ငွေကြေးရဲ့ ဗဟိုဘဏ် လဲနှုန်းကို ငါးရက်အတွင်း ပထမဆုံးနေ့အဖြစ် တိုးမြှင့်သတ်မှတ် ပေးထားပါတယ်။
အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်များက အမေရိ ကန်ဒေါ်လာကို ထုတ်ရောင်းနေချိန်တွင် ပြည်တွင်း ရှယ်ယာဈေးနှုန်းများ မြင့် တက်ခဲ့သည့်အတွက် စောစောပိုင်းက ဈေးနှုန်းကျဆင်းနေတဲ့ ရူပီးငွေကြေး သည် ဒေါ်လာနှင့် ဖလှယ်ရာတွင် သုည ဒသမ ၁၆ ရူပီးနှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၅၃ ဒသမ ၅၆ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ဘဏ်အချင်းချင်း ဆောင်ရွက်တဲ့ နိုင်ငံခြား ငွေဈေးကွက်မှာ အောက်တို ဘာ ၂၅ ရက် ဈေးပိတ်ချိန်က ရှိခဲ့တဲ့ ၅၃ ဒသမ ၇၂ ရူပီးနှုန်းထက် ဈေးတက် ပြီးတစ်ဒေါ်လာကို ၅၃ ဒသမ ၈၀ ရူပီး နှုန်းရှိခဲ့ပါတယ်။ သွင်းကုန် လုပ်ငန်းရှင် များက အဝယ်လိုက်လာလို့ ကနဦး မှာ တစ်ဒေါ်လာ ၅၃ ဒသမ ၈၄ အထိပင် ကျဆင်းခဲ့ပါ တယ်။ နောက်ဆုံးမှာ တစ် ဒေါ်လာကို ၅၃ ဒသမ ၅၆ ရူပီးနှုန်းသို့ ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဂျပန်ယန်း ဇူလိုင်-စက်တင်ဘာသုံးလပတ်မှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးက ငါးနှစ် အတွင်း အမြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးမှုရှိခဲ့ ကြောင်း ကြေညာပြီးနောက် ပေါင်ငွေ ကြေး တန်ဖိုး မြင့်တက်ခဲ့သော်လည်း အောက်တိုဘာ ၂၅ ရက်နေ့တွင် ဒေါ် လာနှင့် ဖလှယ်ရာမှာ ယူရိုတန်ဖိုး ကျဆင်းခဲ့ပါတယ်။ ယူရို ငွေကြေး တန်ဖိုးက အောက် တိုဘာ ၂၄ ရက်ညနေပိုင်းက တစ်ယူရို ကို ၁ ဒသမ ၂၉၇၂ ဒေါ်လာနှုန်း ရှိရာ မှ အောက်တိုဘာ ၂၅ ရက် ဂရင်းနစ် စံတော်ချိန် ၂၁ နာရီတွင် တစ်ယူရိုကို ၁ ဒသမ ၂၉၃၀ ဒေါ်လာနှုန်း ရှိခဲ့ ပါတယ်။ ဒေါ်လာငွေကြေးတန်ဖိုးမှာ ၇၉ ဒသမ ၇၉ ယန်းရှိရာမှ ၈၀ ဒသမ ၂၆ ယန်းနှုန်းထိ တန်ဖိုးပြန်တက်လာ ပါတယ်။ ယူရို/ယန်း ဖလှယ်နှုန်းမှာ အောက်တိုဘာ ၂၄ ရက်က တစ်ဒေါ် လာ ၁၀၃ ဒသမ ၄၉ ယန်းမှ ၁၀၃ ဒသမ ၇၈ ယန်းနှုန်းထိ မြင့်တက်ခဲ့ ပါတယ်။
မလေးရှားရင်းဂစ် မလေးရှားနိုင်ငံရဲ့ ပုံမှန်လှုပ်ရှား လာနိုင်မှုက စွန့်စားမှုရှိသော ေ<ကးမြီ များကို ဝယ်ချင်လာအောင် လှုံ့ဆော် ပေးနိုင်လို့ အောက်တိုဘာ ၂၅ ရက်က အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက အောက်တိုဘာ ၂၄ ရက် ညနေ ၅ နာရီက တစ်ဒေါ် လာကို ၃ ဒသမ ၀၅၉၅ ရင်းဂစ်နှုန်းရှိ ရာမှ အောက်တိုဘာ ၂၅ ရက်မှာ တစ် ဒေါ်လာကို ၃ ဒသမ ၀၃၇၀ ရင်းဂစ် နှုန်းရှိခဲ့ပါတယ်။ ရင်းဂစ်ငွေကို အဝယ် လိုက်လာတဲ့အတွက် အောက်တိုဘာ ၂၃ ရက်က ကျဆင်းခဲ့တဲ့ တန်ဖိုးကို ပြန်ထိန်းပြီး နာလန် ထူလာကြောင်း ဝယ်ရောင်းသမားတစ်ဦးကပြောပါတယ်။
တောင်ကိုရီးယားဝမ် ဂျပန်ဗဟိုဘဏ်က ငွေကြေးမူဝါဒ ကို လျှော့ချတော့မှာဖြစ်ကြောင်း ထွက် ပေါ်လာတဲ့သတင်းတွေကြောင့် စွန့်စား ရမှုပိုများတဲ့ ငွေကြေးစာချုပ်စာတမ်း တွေရဲ့ ဝယ်လိုအားကိုမြင့်မားစေ ခဲ့ပါ တယ်။ ဒါကြောင့် ဝမ်ငွေကြေးရဲ့ တန်ဖိုး ကယခုရက်သတ္တပတ်အတွင်းမှာ၁၃ လ အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါ တယ်။ တောင်ကိုရီးယား ဝမ်ငွေကြေး က ဆိုးလ်မြို့မှာ အောက်တိုဘာ ၂၅ ရက် မနက် ၉ နာရီ ၁၀ မိနစ်က သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ကာ တစ် ဒေါ်လာကို ၁၀၉၆ ဒသမ ၉၅ ဝမ်နှုန်း ထိ ရောက်ရှိခဲ့ပါတယ်။
ထိုင်းဘတ် ပင်လယ်ရပ်ခြားမှ ရင်းနှီးမြှုပ်နှံသူ တို့က အောက်တိုဘာ ၂၃ ရက်အထိ ရက်သတ္တပတ်တစ်ပတ်အတွင်း ထိုင်းအ စိုးရ ဘွန်းစာချုပ်များကို အရောင်း အဝယ်က ဒေါ်လာ ၃၃၈ သန်းပိုခဲ့ ကြောင်း ထိုင်း ဘွန်းစာချုပ် ဈေးကွက် အသင်းမှ စာရင်းဇယားများအရ သိရ ပါတယ်။ အမေရိကန်ဗဟိုဘဏ်က ငွေ ကြေးတွန်းအားပေးအစီအစဉ်ကို ဆက် လက်ထားရှိမည်ဖြစ်ကြောင်း အောက် တိုဘာ ၂၃ ရက်ကပြောကြားခဲ့တဲ့ အတွက် ဒေါ်လာ ရောင်း လိုအားပိုများ လာမဲ့ အခြေအနေ ရှိပါတယ်။ ဘလွမ်း ဘတ်က  ပြုစုထားတဲ့  စာရင်းအရ ဘတ်ငွေကြေးတန်ဖိုး သည် အောက်တို ဘာ ၂၃ ရက်ကတစ် ဒေါ်လာကို ၃၀ ဒသမ ၇၂ ဘတ်နှုန်းမှ ၃၀ ဒသမ ၇၁ ဘတ်နှုန်းသို့ အနည်းငယ် ပြောင်းလဲခဲ့ ပါတယ်။source:bloomberg.AFP.bernama