Main menu

Background

ထိပ်တန်း ဘဏ်လုပ်ငန်း ၂၅ခု ကို ECB ကြီးကြပ်ဖို့ ရည်မှန်း

Mon, 10/29/2012 - 06:43 -- Anonymous (not verified)

လာမဲ့နှစ်မှာဥရောပဗဟိုဘဏ် ကယူရိုဇုန်ရှိငွေချေးဘဏ်အားလုံးရဲ့ ကြီးကြပ်သူအဖြစ်ဆောင်ရွက်တော့ မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ECB ကထိပ် တန်းလုပ်ငန်း ၂၅ ခုကိုအဓိကဦးတည် ချက်ထားပြီး ဆောင်ရွက်သွား မှာဖြစ် ကြောင်း ECB ရဲ့ဒုတိယဥက္ကဌဗစ်တာ ကွန်စတန်စီယိုကပြောပါတယ်။ အား နည်းတဲ့ဘဏ်တွေကိုတိုက်ရိုက်ငွေ ထုတ် ပေးဖို့ကို ၂၀၁၄ မတိုင်မီအထိ ဆောင် ရွက်ပေးနိုင်ဦးမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ယူရိုဇုန်ကြွေးမြီးအကျပ် အတည်းကိုဖြေရှင်းဖို့ကြိုပမ်းတဲ့အနေနဲ့ ECB ကို စွမ်းအားကြီးမားတဲ့ ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ပြောင်းလဲပေးနိုင်မဲ့ ဘဏ်လုပ်ငန်းသမဂ္ဂထူထောင်ရေးအတွက် စိုးရိမ်နေမှုများကို သက်သာစေမဲ့နည်း လမ်းတွေကိုအောက်တိုဘာ ၂၂ ရက်က ဗြိတိသျှလွှတ်တော်အမတ်တွေနဲ့ တွေ့ ဆုံချိန်မှာကွန်စတန်စီယို က ဆွေးနွေးခဲ့ ပါတယ်။ ကွန်စတန်ယိုကဗြိတိသျှ အထက်လွှတ်တော်ကော်မီတီနဲ့ ဗီဒီယို မှတစ်ဆင့်မိနစ် ၉၀ ကြာတွေ့ဆုံနွေးခဲ့ ပါတယ်။

လာမဲ့နှစ်ကစပြီး ဥရောပငွေကြေး သုံးစွဲတဲ့ ၁၇ နိုင်ငံမှာရှိတဲ့ဘဏ်တွေကို ကြီးကြပ်ဖို့ ဥရောပခေါင်းဆောင်တွေက ECB ကို တာဝန်ပေးတာကိုအောက်တို ဘာ ၁၉ ရက်က ဥရောပသမဂ္ဂခေါင်း ဆောင်တွေကသဘောတူခဲ့ပါတယ်။ ဒီ သဘောတူညီချက်ကိုဘယ်လိုဆောင် ရွက်သွားမယ်ဆိုတာကိုသူကရှင်းလင်း တင်ပြခဲ့ပါတယ်။ ECB က ယူရိုဇုန်မှာ ရှိတဲ့ဘဏ် ၆၀၀၀ ကိုကြီးကြပ်ထိန်းသိမ်း သွားဖို့ရည်မှန်းထားပါတယ်။ ဒါပေမဲ့ အရေးပါတဲ့ငွေချေးဘဏ်တွေကိုအဓိက အာရုံစိုက်ဆောင်ရွက်ပြီးကျန်ဘဏ်တွေ ကိုပုံမှန်ကြီးကြပ်ရမဲ့တာဝန်ကို ဒေသ တွင်း ကြီးကြပ်ရေးအဖွဲ့တွေကို လွှဲ ပြောင်း ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင်ယူရိုဇုန်ဒေသ တွင်းရှိမည်သည့်ဘဏ်ကိုမဆိုဝင်ရောက် ကိုင်တွယ်ဖို့ ECB မှာ အခွင့်အာဏာ ရှိပါတယ်။     Source.reuters.com