Main menu

Background

ငွေကြေးစီးထွက်မှု စည်းမျဉ်း ဥပဒေများကို ထိုင်းနိုင်ငံလျှော့ချ

Mon, 10/29/2012 - 06:49 -- Anonymous (not verified)

တိုးတက်ပြီးနိုင်ငံတွေမှာ ဆောင် ရွက်နေတဲ့ငွေကြေးမူဝါဒလျှော့ချတာ တွေကြောင့်ဖြစ်ပေါ်လာတဲ့ ငွေကြေး စီးဝင်မှုတွေကနေမိမိတို့ငွေကြေးတွေကို ကာကွယ်နိုင်အောင် အာရှနိုင်ငံတွေက အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်  ထိုင်းဗဟိုဘဏ်ကလည်း ကုမ္ပဏီတွေနဲ့တစ်သီးပုဂ္ဂလတွေအတွက် ချမှတ်ထားတဲ့ ပင်လယ်ရပ်ခြား ရင်းနှီး မြှုပ်နှံမှုစည်းမျဉ်းစည်းကမ်းတွေကို လျှော့ချသွားမှာဖြစ်ပါတယ်။ အသစ်ချ မှတ်လိုက်တဲ့စည်းမျဉ်း ဥပဒေတွေအရ ငွေကြေးစီးထွက်သွားဖို့လွယ်ကူအောင် အများကြီးအထောက်အကူပေးမှာဖြစ် ပြီး၊ထိုင်းကုမ္ပဏီတွေနဲ့ တစ်သီးပုဂ္ဂလိတွေ ကသူတို့ရင်းနှီးမြှုပ်နှံမှုတွေက အမျိုးမျိုး ခွဲခြားပြီးယှဉ်ပြိုင်နိုင်မှုကို ခိုင်မာလာ အောင်အားေ ပးနိုင်မှာဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်ကထုတ်ပြန် တဲ့ဗဟိုဘဏ်ကကြေညာချက်မှာဖေါ်ပြ ထားပါတယ်။

ထိုင်းဗဟိုဘဏ်ကနယ်ပယ်ငါးခု မှာနိုင်ငံခြားငွေဖလှယ်ရေးစည်းမျဉ်းစည်း ကမ်းတွေကိုလျှော့ချပေးမှာဖြစ်ပါတယ်။ ထိုင်းတသီးပုဂ္ဂလတွေက တိုက်ရိုက်ရင်း နှီးမြှုပ်နှံတာကိုအားပေးနိုင်ဖို့အတွက် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ချက် တွေကိုဖယ်ရှားပေးသွားမှာဖြစ်ပါတယ်။ ထိုနည်းတူ ဗဟိုဘဏ်အဖွဲ့အစည်းရင်း နှီးမြှုပ်မှုအခြေခံ ကိုတိုးချဲ့ဖို့၊ ရင်းနှီးမြှုပ် နှံသူတစ်ဦးချင်းရဲ့မြှုပ်နှံမှုအခြေခံကိုတိုး ချဲ့ဖို့၊ ရင်းနှီးမြှုပ်နှံသူတစ်ဦးချင်းရဲ့မြှုပ် နှံမှုပမာဏ ကန့်သတ်ထားတာကိုတိုး မြှင့်ပေးဖို့၊ နိုင်ငံခြားငွေနဲ့ ထိုင်းနိုင်ငံထဲ မှာထုတ်ဝေဆောင်ရွက်နေတဲ့ ဘွန်းစာ ချုပ်တွေအပါအဝင်အာမခံစာချုပ်စာ တမ်းအမျိုးအစားကိုတိုးချဲ့သွားဖို့နဲ့Asian  Trading  Link နိုင်ငံ ခြားစာချုပ် စာတမ်းတွေမှာ ရင်းနှီမြှုပ် နှံတဲ့အခါလွယ်ကူချောမွေ့စေဖို့ အတွက် နိုင်ငံခြားငွေလွှဲပြောင်းတဲ့စည်းမျဉ်းစည်း ကမ်းတွေလျှော့ချပေးဖို့ ဗဟိုဘဏ်က ဆောင်ရွက်နေပါတယ်။ သွင်းကုန်လုပ်ငန်းတွေ ပြောင်း လွယ်ပြင်လွယ်ရှိအောင်ပြည်တွင်းဘဏ္ဍာ ရေးအဖွဲ့အစည်းတွေက နိုင်ငံခြားငွေ အပ်နှံတာကိုအကန့်အသတ်မရှိဆောင် ရွက်ဖို့လည်းခွင့်ပြုထားပါတယ်။ငွေကြေး လဲလှယ်ရေးဌာနတွေနဲ့ ငွေ လွှဲ အေးဂျင့် တွေအတွက်သတ်မှတ်ထားတဲ့ အရည် အချင်းတွေကိုလည်းလျှော့ချပေးထား ပါတယ်။ Source.bangkokpost.com