၂၀၁၂ မှာ အိန္ဒိယက ထိပ်တန်းဆန်တင်ပို့သူဖြစ်လာပြီး၊ ထိုင်းနိုင်ငံက တတိယနေရာမှာ ရှိနိုင်တယ်လို့ IGC မှ ဆို
အိန္ဒိယနိုင်ငံဟာ ၂၀၁၂ မှာ ဆန်တန်ချိန် ၈ ဒသမ ၇ သန်းခန့် တင်ပို့မှုနဲ့၊ အများဆုံးတင်ပို့သူဖြစ်လာမယ်လို့ နိုင်ငံ တကာ သီးနှံကောင်စီ (IGC)မှ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံက တန်ချိန် ၇ ဒသမ ၁ သန်းခန့် တင်ပို့နိုင်ဖွယ်ရှိ ပြီး၊ ယခင် နှစ်က ထိပ်တန်းဆန်တင်ပို့သူနေရာမှာရှိတဲ့ ထိုင်းနိုင်ငံကတော့ ၂၀၁၂ မှာ တန်ချိန် ၆ ဒသမ ၅ သန်းခန့် တင်ပို့နိုင်ဖွယ် ရှိတယ်လို့ဆိုပါတယ်။ IGC ရဲ့နောက်ဆုံးအစီရင်ခံစာအရ အိန္ဒိယနိုင်ငံဟာ၂၀၁၀-၁၁ မှာဆန်တန်ချိန် ၂ ဒသမ ၈ သန်း တင်ပို့ခဲ့ပြီး၊ ၂၀၁၁-၁၂ မှာ တန်ချိန် ၈ ဒသမ ၇ သန်းကို ၂၁၀ ရာခိုင်နှုန်းခန့် တိုးတက်မှာဖြစ်လို့ ယခုနှစ် ထိပ်တန်း ဆန်တင်ပို့သူအဖြစ် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဗီယက်နမ်ရဲ့ ဆန်တင်ပု့ိမှုကတော့ ဆန်တန်ချိန် ၇ ဒသမ ၁ သန်းနဲ့ မနှစ်ကအတိုင်းပြောင်းလဲမှုမရှိ တင်ပို့ နိုင်မှာဖြစ်ပေ မယ့်ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုကတော့ ၂၀၁၀-၁၁ မှာ တန်ချိန် ၁၀ ဒသမ ၆ သန်းတင်ပို့ခြင်းမှ ၃၈ ရာခိုင်နှုန်းထိ သိသိ သာသာကျဆင်းပြီး၊ တန်ချိန် ၆ ဒသမ ၅ သန်းသာရှိမယ်လို့ ဆိုပါတယ်။ ယခင်နှစ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် ၂ ခုက ၂၀၁၂ ဆန်တင်ပို့မှု မျှခြေကိုပြောင်းလဲခဲ့ပါတယ်။ ပထမအချက်က ၃ နှစ်ကြာ ပြည်ပတင်ပို့မှု ပိတ်ထားခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဆန်အမြောက်အမြား သိုလှောင်လက်ကျန်တွေ ရှိခဲ့လို့ ပြည်ပတင်ပို့မှု ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအချက်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ထိုင်း အစိုးရက တောင်သူတွေဆီက စပါးကို ဈေးကွက် ပေါက်ဈေးထက် ၂ ဆခန့် ပိုပေးဝယ်ယူခဲ့တဲ့အတွက် နိုင်ငံတကာ ဆန်ဈေးကွက်မှာ ထိုင်းဆန်များ ယှဉ်ပြိုင်နိုင်မှု ကျဆင်းခဲ့ပါ တယ်။ ဒါပေမယ့်ထိုင်းဆန်တင်ပို့မှုက နောက်နှစ်မှာ ပြန်လည်အားကောင်းမယ်လို့ IGC ကဆိုပါတယ်။ ၂၀၁၂-၁၃ မှာ ထိုင်း နိုင်ငံရဲ့ ဆန်တင်ပို့မှုက တန်ချိန် ၇ ဒသမ ၉ သန်းဝန်းကျင်နဲ့ အိန္ဒိယရဲ့ တင်ပို့မှု တန်ချိန် ၆ ဒသမ ၉ သန်းနဲ့ ဗီယက်နမ်တင်ပို့မှု တန်ချိန် ၆ ဒသမ ၇ သန်းတို့ထက်ပိုပြီး၊ ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူနေရာ ပြန်ရောက်နိုင် တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၂၀၁၂-၁၃ ဆန်ထုတ်လုပ်မှု ခန့်မှန်းချက်ကိုလည်း IGC မှ သိသိသာသာပြောင်းလဲခဲ့ပါတယ်။ ယင်းအစီရင်ခံစာအရ ၂၀၁၂-၁၃ မှာ အိန္ဒိယဆန်ထုတ်လုပ်မှုဟာ ၂၀၁၁-၁၂ မှာ တန်ချိန် ၁၀၄ ဒသမ ၃ သန်းရှိရာမှ ၄ ရာခိုင်နှုန်းခန့် ကျဆင်းပြီး ၂၀၁၂-၁၃ မှာ တန်ချိန် ၉၉ ဒသမ ၈ သန်းရှိမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှုက ၂၀၁၁-၁၂ မှာ တန်ချိန် ၂၀ ဒသမ ၅ သန်းရှိရာမှ ၃ ရာခိုင်နှုန်းပိုမိုပြီး၊ ၂၀၁၂-၁၃ မှာ တန်ချိန် ၂၁ ဒသမ ၂ သန်းရှိမယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ယခုနှစ်မှာ တန်ချိန် ၂၆ ဒသမ ၇ သန်း ထုတ်လုပ်သလို ၂၀၁၂-၁၃ မှာလည်း ပြောင်းလဲဖွယ် မရှိနိုင်ဘူးလို့ ဆိုပါတယ်။လမင်း၊Source: oryza.com
