Main menu

Background

ရာသီဥတု ပြောင်းလဲမှုကြောင့် ၂၀၅၀ မှာ စပါးအထွက်နှုန်း ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ CGIAR လေ့လာမှုမှဆို

Wed, 11/07/2012 - 06:07 -- Anonymous (not verified)

ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံမှု (CCAPS) နဲ့ ပတ်သက်တဲ့ CGIAR  သုတေသန စီမံကိန်းရဲ့ လေ့လာမှုအသစ်အရ တောင်သူလယ်သမားများအနေနဲ့ ၂၀၅၀ မှာပြောင်းလဲမယ့် ရာသီဥတုနဲ့ အညီပြောင်းလဲဆောင် ရွက်ခြင်းမရှိရင် စပါးထုတ်လုပ်ရာ နိုင်ငံအများစုမှာ စပါး အထွက်နှုန်းက ၁၅ ရာခိုင်နှုန်းခန့် ကျဆင်း နိုင်တယ်လို့ သိရပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်မှာ ကမ္ဘာ့ အပူချိန်ဟာ သုည ဒသမ ၈ ဒီဂရီ စင်တီဂရိတ် (၁ ဒသမ ၄ ဒီဂရီ ဖာရင် ဟိုက်) မြင့်တက်ခဲ့ပြီး၊ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ သုည ဒသမ ၆ ဒီဂရီ စင်တီဂရိတ်( ၁ ဒသမသုညဒီဂရီဖာရင်ဟိုက်) တိုးတက်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ မိုးရွာသွန်းမှုဖြစ်စဉ်များ၊ မုန်တိုင်း များ၊ မိုးခေါင်ခြောက်သွေ့ မှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ပြောင်းလဲလာခဲ့ရာ စပါး၊ ဂျုံနဲ့ ပြောင်းထုတ်လုပ်မှုသည်လည်း ရာသီဥတုအပြောင်းအလဲ၏ စိန်ခေါ်မှုနှင့် ပြင်းထန်စွာ ကြုံ တွေ့ရမယ်လို့ဆိုပါတယ်။ စပါးစိုက်ပျိုးသူများဟာ အပူချိန်မြင့် မားခြင်း၊ ရေလွှမ်းမိုးမှုပိုမိုခြင်း၊ ပင်လယ်ရေမြင့်တက်မှုကြောင့် ဆားငန်မြေများပိုမို လာပြီး၊ မြေအောက်ရေဟာလည်း အငန် ဓာတ်ပိုမိုလာခြင်း၊ မိုးခေါင်မှုအကြိမ်ရေ ပိုများလာခြင်းစတဲ့ ပြဿနာများစွာ ကို လက်ရှိကြုံတွေ့နေခြင်းထက် ပိုမိုကြုံ တွေ့ရမယ်လို့ ဆိုပါတယ်။ ပြောင်းနဲ့ဂျုံသီးနှံတို့မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးဝါးစွာ ထိခိုက်နိုင်ပြီး၊ အခြားအစားထိုးသီးနှံများ ဖြစ်တဲ့ ဝဥနဲ့ အခြားသီးနှံများပင် ထိခိုက်နိုင်ရာ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်စေဖို့ တောင်သူများကို ရာသီဒဏ်ခံစပါးမျိုးစေ့များ တိုးထုတ်လုပ်ခြင်းဖြင့် ကူညီပေးနိုင်မယ်လို့ဆိုပါတယ်။ ရာသီ ဒဏ်ခံနိုင်တဲ့စပါးပြောင်းလဲ စိုက်ပျိုးခြင်းဖြင့် စီးပွားရေး အကျိုး ဖြစ်ထွန်းမှုဟာ တောင်အာရှတစ်ခုထဲပင် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ရှိမယ်လို့လည်း အဲဒီလေ့လာမှုအရ တွက်ချက်ထားကြောင်း သိရပါတယ်။ ဒါပေမယ့် တောင်သူနဲ့ ပြည်သူများဟာ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာထုတ်လုပ်မှုနဲ့ စားသုံးမှုပုံစံပြောင်းလဲ ဖို့တော့ ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။လမင်း၊Source: oryza.com