အင်ဒိုနီးရှားနိုင်ငံက လျော့ကျနေတဲ့ လက်ကျန်များကို ဖြည့်ဆည်းဖို့ကမ္ဘောဒီးယားဆန်တန်ချိန် ၁ သိန်းနဲ့ ဗီယက်နမ် ကနောက်ထပ် တန်ချိန် ၂ သိန်းတင်သွင်းမယ်လို့သိရပါတယ်။ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး ပြောကြားချက်အရ နိုင်ငံဆန်ဝယ်ယူရေးအေဂျင်စီ ဘူးလော့ဂ် မှ ယခုနှစ်သြဂုတ်လအတွင်း သဘော တူညီချက်အရ ကမ္ဘော ဒီးယားမှ ဆန်တန်ချိန် ၁ သိန်းဝယ်ယူမယ်လို့ဆိုပါတယ်။ နောက်ထပ်တန်ချိန် ၁ သန်းကို လာမယ့်နှစ်မှာ ကမ္ဘောဒီးယား နိုင်ငံက တင်သွင်းမယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အဲဒီဆန်တွေကို ကမ္ဘောဒီးယား နိုင်ငံမှာပဲ ဘူး လော့ဂ်ရုံးခွဲက စောင့်ကြည့်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဆန် လိုအပ်တဲ့အချိန်ထိ ထားသွားမယ်လို့လည်းဆိုပါတယ်။ ယခင် ရက်ကလည်း ယခုနှစ်ကုန်မတိုင်မီ ဆန်တန်ချိန် ၂ သိန်းဝယ်ယူ ဖို့ အင်ဒိုနီးရှားနိုင်ငံဟာ ဗီယက်နမ်နဲ့ MOU ရေးထိုးခဲ့ပါ တယ်။ အဲဒီဝယ်ယူမှုဟာ ယခင်လက ဗီယက်နမ်မှ ဆန်တန် ချိန် ၃ သိန်း ဝယ်ယူမှုအပြင် နောက်ထပ်ဝယ်ယူမှုဖြစ်ပါတယ်။ ဗီယက်နမ်ဆန်ကို ဝယ်လိုအား တိုးတက်လာတဲ့အတွက် ပြီးခဲ့တဲ့လက ဗီယက်နမ် ဆန်ဈေးမြင့်တက်ပြီးနောက် ကမ္ဘော ဒီးယားနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံကို ဆန်ရောင်းချသူထဲမှာ ပါဝင်လာပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်က ဆန် တန်ချိန် ၁ ဒသမ ၈ သန်းဝန်းကျင်တင်သွင်းရာမှ ၅၇ ရာခိုင် နှုန်းလျှော့ချပြီး ယခုနှစ်မှာ တန်ချိန် ၇၇၀၀၀၀ အောက်သာ တင်သွင်းဖို့ လျာထားပါတယ်။ ဒါပေမဲ့ ဘူးလော့ဂ်အနေနဲ့ ၂၀၁၂ အတွက်ဆန်တန်ချိန် ၄ ဒသမ ၁ သန်းထိ ဝယ်ယူဖို့ အတွက် အခက်အခဲရှိတယ်လို့ဆိုပါတယ်။ဘူး လော့ဂ်အေဂျင် စီဟာ ၎င်းရဲ့ ဝယ်ယူရေးလျာထားချက် ပြည့်မီဖို့ တန်ချိန် ၅ သိန်းခန့် လိုအပ်တယ်လို့ ဘူးလော့ဂ် ခေါင်းဆောင်မှ လွန်ခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။လမင်းSource: oryza.com
