Main menu

Background

အိန္ဒိယပဲတင်သွင်းမှုအပေါ် မှီခိုရမှု ယခုနှစ် ပိုမိုမြင့်တက်နိုင်

Wed, 11/07/2012 - 06:09 -- Anonymous (not verified)

လက်ရှိမိုးရာသီ ရိတ်သိမ်းစဉ် အတွင်း ပိုးကျရောက်မှု ကြောင့် ပဲစင်းငုံ ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းဝန်းကျင်  ကျဆင်း မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုရမှုဟာ ယခုနှစ်မှာပိုမိုလာနိုင်တယ်လို့ သိရပါတယ်။ ပဲမျိုးစုံ တင် သွင်း မှုဟာ စုစုပေါင်းနှစ်စဉ်လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်း ဝန်းကျင် ခန့်ဖြစ်တဲ့ တန်ချိန် ၂ ဒသမ ၅ သန်းနဲ့ ၃ ဒသမ ၅ သန်း အကြားရှိနေပါတယ်။ Assochan  မှ ခန့်မှန်းရာမှာ ၂၀၁၂-၁၃ အတွင်းအိန္ဒိယပဲမျိုးစုံ ဝယ်လိုအားဟာ တန်ချိန် ၂၁ သန်း ခန့်၊ ၂၀၁၃-၁၄ မှာ တန်ချိန် ၂၁ ဒသမ ၄၂ သန်းနဲ့ ၂၀၁၄-၁၅ မှာတန်ချိန် ၂၁ ဒသမ ၉၁ သန်းအထိ မြင့်တက်မယ်လို့ ဆိုပါတယ်။

ပြည်တွင်း ထုတ်လုပ်မှုက တန်ချိန် ၁၈ သန်းရှိတဲ့အနက် ပဲစင်းငုံက ၁၅ ရာခိုင်နှုန်းခန့်ရှိပါတယ်။ မိုးပဲတစ်မျိုး ဖြစ်တဲ့ ပဲစင်းငုံကို ဇွန်လမှာ စိုက်ပျိုးပြီး အောက်တိုဘာလမှာ ရိတ် သိမ်းပါတယ်။ယခုနှစ်မိုးရာသီမိုးရွာသွန်းမှု ၂ လခန့် နောက်ကျ တဲ့အတွက် စိုက်ပျိုးရိတ်သိမ်းရာသီလည်း နောက်ကျမှာဖြစ်လို့ လက်ရှိပဲစင်းငုံများကို နိုဝင်ဘာလကုန်မှာ  ရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ ပဲရိတ်သိမ်းရာသီနီးကပ်လာပြီဖြစ်ပေမယ့် အဓိက စိုက်ပျိုးတဲ့ ဒေသတွေမှာ ပိုးကျရောက်မှုကြောင့် သီးနှံပျက်စီးမှု တွေ ရှိနေပါတယ်။ အမှန်တကယ်ဆုံးရှုံးမှုကို မသိရသေးပေမယ့် ၁၀ ရာခိုင် နှုန်းထက်မနည်းပျက်စီးနိုင်တယ်လို့ ပဲမျိုးစုံ တင်ပို့သူများ အသင်း ယခင်ဥက္ကဌK C  Bharatiya မှ ပြောကြားပါတယ်။ ပဲစင်းငုံ၊ မတ်ပဲနဲ့ ကုလားပဲအပါအဝင် ပဲမျိုးစုံမှာ ကျရောက်တဲ့ Pod  borer ပိုးများ ဂူဂျာရတ်နဲ့ မဟာရပ်ရှတရာအပါအဝင် အဓိက ပဲထုတ်လုပ်ရာ ဒေသတွေမှာ ပဲစင်းငုံ အပွင့် ပွင့်စဉ် ကျရောက်မှုကြောင့် ပဲများပျက်စီးတယ်လို့ ဆိုပါတယ်။ သီးနှံ ရဲ့ ၃၀-၅၀ ရာခိုင်နှုန်းခန့် ယင်း ပိုးကျရောက်မှုကြောင့် ပဲမျိုးစုံ ဧရိယာများကျဆင်းစေတယ်လို့ ဆိုပါတယ်။ မွန်ဘိုင်းအခြေစိုက်  ပဲမျိုးစုံကုန်သည်တစ်ဦးဖြစ်တဲ့  Jindal ပြည်ပကော်ပိုရေးရှင်း ဒါရိုက်တာ Pradeep  Jindal မှ ပြောကြားရာမှာ ပြည်တွင်း ထုတ်လုပ်မှု မလုံလောက်လို့ အရင်ကလုပ်ခဲ့သလိုတင်သွင်းခြင်းဖြင့် ဖြည့်ဆည်းရမှာလို့ ဆို ပါတယ်။ ဒါကြောင့် ပဲစင်းငုံ ပိုးကျရောက်လို့ လက်ရှိမှာ စိုးရိမ် စရာမရှိပါဘူးလို့ဆိုပါတယ်။ စိုက်ပျိုးရေးဌာန စာရင်းအရ ယခု နှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ မိုးပဲမျိုးစုံကို ဟက်တာ ၉ ဒသမ ၉၈ သန်း စိုက်ပျိုးခဲ့ပြီး၊ ပြီးခဲ့တဲ့ ကာလတူမှာ ဟက် တာ ၁၀ ဒသမ ၈၃ သန်းစိုက်ပျိုးခဲ့ပါတယ်။ မုတ်သုံရာသီ ကုန်ပိုင်းမှာ မိုးရွာသွန်းမှု တိုးတက်ခဲ့လို့ ပဲစိုက်ပျိုးမှု အလား အလာကို မြင့်တက်စေပါတယ်။ ဒါပေမယ့် စိုက်ပျိုးကာလ အလွန်မှ စိုက်ပျိုးခြင်းဟာ ပဲအထွက်ကောင်းဖို့ နောက်ကျနေ ပြီလို့ ဆိုပါတယ်။ မိုးရွာသွန်းမှု နှောင့်နှေးပေမယ့် မနှစ်က ပဲစင်းငုံဟက်တာ ၃ ဒသမ ၇၅ သန်းစိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်းသာ လျော့ကျပြီး၊ ဟက်တာ ၃ ဒသမ ၆၂ သန်း စိုက်ပျိုးနိုင်ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ရာသီအတွက် ပထမအကြိမ် ခန့်မှန်းချက်အရ မိုးပဲထွက်ရှိမှုက ပြီးခဲ့တဲ့နှစ် ထွက်ရှိမှု တန်ချိန် ၆ ဒသမ ၁၆ သန်းထက် ၁၄ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၅ ဒသမ ၂၆ သန်းထွက်မယ်လို့ ဆိုပါတယ်။ ၂၀၁၁-၁၂ ရာသီအတွက် စတုတ္ထအကြိမ် ခန့် မှန်းမှုဟာ ၂၀၁၀-၁၁ ထွက်ရှိမှုတန်ချိန် ၁၈ ဒသမ ၂၄ သန်းနဲ့ နှိုင်းယှဉ်ရင် ၂၀၁၁-၁၂ မှာ  တန်ချိန် ၁၇ ဒသမ ၂၁ သန်းကို လျော့ကျထွက်ရှိမယ်လို့ခန့်မှန်းခဲ့ပါတယ်။ ၂၀၁၁-၁၂ အတွင်း မှာ ကုလားပဲ တန်ချိန် ၇ ဒသမ ၅၈ သန်း၊ ပဲစင်းငုံ တန်ချိန် ၂ ဒသမ ၆၅ သန်း၊မတ်ပဲတန်ချိန် ၁ ဒသမ ၈၃သန်းနဲ့ ပဲတီ စိမ်း တန်ချိန် ၁ ဒသမ ၇၁ သန်းထွက်ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းမှာ တင်သွင်းပဲတွေ ရရှိမှု ပိုလျှံတာ ကြောင့် ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပဲစင်းငုံဈေးက တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၇)ကျဆင်းခဲ့ပါတယ်။ ဆောင်းသီးနှံအတွက် ရာသီဥတု အခြေအနေ ကောင်းမွန်နေ လို့ လာမယ့်ကာလမှာ ပဲဈေးနှုန်းဆက်ပြီး၊ ကျဆင်းနိုင်တယ် လို့ Trimurthi  International မှ Himat   Chandra မှ ပြော ကြားပါတယ်။Vashi လက်ကားဈေးကွက်မှာ ပွဲတော်ဝယ်လို အားနည်းတာကြောင့် ပဲစင်းငုံ တစ်တန် ရူပီး ၃၈၀၀၀ (ကန် ဒေါ်လာ ၇၀၄)ရှိပြီး၊ မတ်ပဲဈေးက ရူပီး ၃၂၀၀၀(ကန်ဒေါ်လာ ၅၉၃)ဈေး ရှိပါတယ်။ လက်ရှိရောင်းဝယ်မှုက ဆောင်းပဲများ ဖြစ်တဲ့ ကုလားပဲနဲ့ ပဲရာဇာစိုက်ပျိုးမှုကို စောင့်ကြည့်လျက်ရှိနေ ပါတယ်။     ယမင်းခင်၊Source: Business  Standard