Main menu

Background

အိန္ဒိယဝယ်လက် အဝယ်ရပ်သွားလို့ ပြည်တွင်း မတ်ပဲ၊ ပဲစင်းငုံဈေးပြန်ကျပေမဲ့ ပဲတီစိမ်းဈေးမာနေ

Wed, 11/07/2012 - 06:10 -- Anonymous (not verified)

ပြီးခဲ့တဲ့ တစ်ပတ်က အိန္ဒိယဝယ်လက်တွေ မတ်ပဲအဝယ်လိုက် ခဲ့လို့ ပြည်တွင်းပဲမျုးိစုံဈေးပြန်လိုက်ခဲ့ရာမှ ယခုသီတင်းပတ် နှောင်း ပိုင်းမှာတော့ အဝယ်ရပ်သွားတဲ့အတွက် မတ်ပဲ၊ ပဲစင်းငုံဈေး ထိုး ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲတီစိမ်းကတော့ ဆက်ပြီး ဈေးမာနေပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်များအပြီး အိန္ဒိယဝယ်လက် တွေ မတ်ပဲဆွဲအားကောင်းလာလို့ ဘုရင့်နောင်ဈေးကွက်မှာ တစ် တန် ၅၁၀၀၀၀ ကျော်ထိ ဈေးရှိခဲ့ပြီး ယခုရက်ပိုင်းမှာတော့ အဝယ် မရှိသလောက်ဖြစ်ခဲ့လို့ တစ်တန် ကျပ် ၄၉၂၀၀၀ ခန့်ကို ပြန်လည် ကျဆင်းလာခဲ့ပါတယ်။ အလားတူ ရန်ကုန် FOB မတ်ပဲဈေးမှာ လည်း တစ်တန်ကန်ဒေါ်လာ ၆၂၀-၆၄၀ မှ ကန်ဒေါ်လာ ၆၀၀-၆၂၀ ကို ကျဆင်းခဲ့ပါတယ်။

ဝယ်လက်ပါးနေတာကြာပြီဖြစ်တဲ့ ပဲစင်းငုံလည်း မတ်ပဲဈေး ဦးတည်ရာအတိုင်း ဈေးလျော့လာပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က တစ်တန် ၅၈၀၀၀၀ ဈေးရှိခဲ့ရာမှ နိုဝင်ဘာလ ၂ ရက်မှာ ၅၆၅၀၀၀ ကျပ်ကိုကျဆင်းခဲ့ပြီးရန်ကုန် FOB ဈေးမှာကန်ဒေါ်လာ ၆၉၀-၇၁၀ ဈေးရှိတယ်လို့ သိရပါတယ်။ အခြားပဲဈေးတွေ အကျဘက်ဆင်းပေ မဲ့ အသစ်ဝင်လာတဲ့ ပဲတီစိမ်းကတော့ ဈေးဆက်ပြီး မာနေပါတယ်။ ပခုက္ကူနဲ့ တောင်ငူဘက်က ပဲတီစိမ်းတွေ ဝင်လာမှုရှိပေမဲ့ များများ မဝင်တဲ့အပြင် ပြည်ပအဝယ်ပုံမှန်ရှိနေတဲ့အတွက် ပြည်တွင်းဈေး တွေ ပိုမိုလာခဲ့တာ တစ်ပတ်အတွင်း တစ်တန် ကျပ် ၆ သောင်းခန့် မြင့်တက်လာခဲ့ပါတယ်။ အဝယ်ပုံမှန်ရှိနေတာအပြင် ဒီနှစ် ပဲတီစိမ်း တွေက အရည်အသွေးကောင်းနေလို့ ရန်ကုန် FOB ဈေးမှာလည်း ကန်ဒေါ်လာ ၂၀ ခန့် တိုးလာတာ တွေ့ရပါတယ်။ အိန္ဒိယပဲအဓိက ထွက်ရှိတဲ့ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာ ဒေ့ရှ်တို့မှာ မတ်ပဲတွေ ဖြိုင်ဖြိုင်ဝင်လာနေပြီဖြစ်လို့ လတ်တလော မှာတော့ ဝယ်လိုအားကောင်းနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါ တယ်။ဒါပေမဲ့ပဲတီစိမ်းကတော့ အိန္ဒိယမှာအထွက်လျော့တဲ့အပြင် အရည်အသွေးနိမ့်တဲ့အတွက် အရည်အသွေးကောင်း ပဲတီစိမ်းကို လိုအပ်နေဦးမှာဖြစ်ပါတယ်။ ပြည်ပဝယ်လိုအားအရ ပြောင်းလဲနေ တဲ့ တင်ပို့မှုအနေနဲ့လည်း ယခုတစ်ပတ်အတွင်းမှာ ပဲတီစိမ်းပြည်ပ တင်ပို့မှု ယခင်တစ်ပတ်ထက် ပိုမိုလာပေမဲ့ မတ်ပဲနဲ့ ပဲစင်းငုံကတော့ တင်ပို့မှုလျော့ကျလာခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ ပဲမျိုးစုံ စုစုပေါင်း  တန်ချိန် ၈၅၆၀၀၀ ကျော် တင်ပို့ထားပြီး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၄၁ သန်းကျော် ရရှိထားကြောင်း သက်ဆိုင်ရာ ဌာနစာရင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၈၉၅၀၀၀ ကျော် တင်ပို့ထားခြင်းမှ ကန်ဒေါ် လာ ၇၅၀ သန်းခန့်ရရှိထားလို့ယခုဘဏ္ဍာနှစ်ကာလတူမှာ ပမာဏ ရောတန်ဖိုးပါ ကျဆင်းကြောင်းသိရပါတယ်။ မတ်ပဲတင်ပို့မှု အနေ နဲ့ လက်ရှိဘဏ္ဍာနှစ်မှာ တန်ချိန် ၃၉၀၀၀၀ နီးပါးတင်ပို့ထားပြီး ကန်ဒေါ်လာ ၂၂၄ သန်းခန့် ရရှိထားရာ အိန္ဒိယကို တန်ချိန် ၂၉၀၀၀၀ ကျော်တင်ပို့ထားကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းတန်ချိန် ၁၅၈၀၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၁၉ သန်းကျော် ရရှိထားတဲ့ အနက် အိန္ဒိယကို တန်ချိန် ၂၈၀၀၀ ကျော်၊ တရုတ်ကို တန်ချိန် ၄၉၀၀၀ ခန့်၊ စင်ကာပူကို တန်ချိန် ၂၅၀၀၀ ကျော်ပါဝင်ပြီး နိုင်ငံပေါင်း ၂၉ နိုင်ငံကိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံအနေဖြင့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁၉၉၀၀၀ နီးပါး တင်ပို့ထားခြင်းမှ ကန်ဒေါ်လာ ၁၂၂ သန်းကျော် ရရှိထားတဲ့အနက်အိန္ဒိယကို တန် ချိန် ၁၆၆၀၀၀ ကျော်နဲ့ အများဆုံးတင်ပို့မှုရှိကြောင်း သိရပါတယ်။ အိန္ဒိယအပြင် စင်ကာပူ၊ တရုတ်၊ ယူအေအီး၊ မလေးရှားစတဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံကို တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယမင်းခင်