Main menu

Background

အိန္ဒိယဈေးကွက်အတွင်း ပဲမျိုးစုံအရောင်းအဝယ်အေး၊ ဈေးလျော့၊ ကုလားပဲနဲ့ ပဲရာဇာအတွက် အိန္ဒိယအစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးများ မြှင့်တင်

Wed, 11/07/2012 - 06:10 -- Anonymous (not verified)

အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များနဲ့ ကုန်သည်များ အရောင်းအဝယ်အေးတဲ့အတွက် ဒီတစ်ပတ် လည်း ပဲမျိုးစုံဈေးအေးနေပါတယ်။ ဒါ့အပြင် ပဲပုပ်ထွက်ရှိနေပြီ ဖြစ်လို့ကုန်သည်များက ရောင်းဝယ်မှုကျဆင်းတဲ့ ပဲမျိုးစုံနဲ့ ပဲမျိုး စေ့အစား ပဲပုပ်ကို ပြောင်းလဲရောင်းဝယ်ခြင်းကလည်း ပဲဈေး ကိုကျဆင်းစေတယ်လို့သိရပါတယ်။ ကုလားပဲအနေနဲ့ စိုက်ပျိုး မှု တိုးတက်မယ့် အလားအလာရှိပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းတာကြောင့် လက်ငင်း ဈေးပါကျဆင်းနေပါတယ်။ ပွဲတော်က လာမယ့် ရက်အနည်းငယ်အတွင်းမှာရှိလို့ ဒီပါဝလီ အတွက် လက်ကားဝယ်ယူမှု ပြီးဆုံးသလောက် ရှိနေပြီဖြစ်ပြီး ပြည်တွင်းဈေးကွက်တွေမှာ လက်လီ ဝယ်ယူမှုလောက်သာရှိ မယ်လို့ ခန့်မှန်းကြပါတယ်။

ဝယ်လက်တွေက လက်ရှိ ဈေးနှုန်းအတွင်း အကန့် အသတ်သာ ဝယ်ယူကြလို့ လာမယ့်ရက်တွေမှာ ဈေးများများ မတက်နိုင်ဘူးလို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ တင်သွင်း ပဲစင်းငုံအရည်အသွေးကောင်းများ ဆက်တိုက်ဝင်ရောက်နေ လို့ ဈေးနှုန်းလည်း ဆက်ပြီးကျဆင်းနေပါတယ်။ ဒါ့အပြင် ပဲအသစ်တွေ ဝင်ရောက်လာတော့မှာဖြစ်လို့ အသစ်ဝင်လာ မယ့် အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ပဲထွက်ရှိရာ ဒေသများက အရည်အသွေးနိမ့်ပဲတီစိမ်း များဝင်ရောက်နေတဲ့အတွက် အရည်အသွေးကောင်း ပဲတီ စိမ်း ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။ လာမယ့်ကာလ တွေမှာအရည်အသွေးေ ကာင်းတင်သွင်း ပဲဝင်ရောက်မှုကျဆင်း ဖွယ်မရှိပေမဲ့ ရူပီးတန်ဖိုး ကျဆင်းနေတဲ့အတွက် တင်သွင်းပဲ တွေ ကို ဈေးအနိမ့်နဲ့ ရောင်းချနိုင်မှာ မဟုတ်ဘူးလို့လည်း ကုန်သည်များ ခန့်မှန်းကြပါတယ်။ လတ်တလော အိန္ဒိယနိုင်ငံ နဗားရှီးမားဆိပ်ကမ်းမှာ နိုင်ငံတကာ ပဲဈေးများအနေနဲ့ နိုဝင်ဘာ သင်္ဘောတင်မယ့် သြစတြေးလျကုလားပဲအသစ်ကို ၅ ဒေါ်လာလျှော့ပြီး တစ်တန် ကန်ဒေါ်လာ ၆၉၅-၇၀၀ ဈေးကမ်းလှမ်းထားပြီး၊ တန်ဇန်းနီးယား ကုလားပဲသစ်မှာ ကန်ဒေါ်လာ ၇၆၅-၇၇၅၊ မြန်မာကာဘူလီ ကုလားပဲမှာ  ကန်ဒေါ်လာ ၇၃၀-၇၄၀ ရှိ ကြောင်း သိရပါတယ်။ မတ်ပဲ FAQ နဲ့ SQ ကို တစ်တန် ကန်ဒေါ်လာ ၁၀ လျှော့ပြီး ကန်ဒေါ်လာ ၆၄၀-၆၅၀ နဲ့ ၇၁၀-၇၂၀ ဈေး ကမ်းလှမ်းထားပေမဲ့ မြန်မာ ပခုက္ကူ ပဲတီစိမ်း ကိုတော့ တစ်တန် ကန်ဒေါ်လာ ၁၀ တိုးပြီး ကန်ဒေါ်လာ ၉၅၅-၉၆၅ ဈေးရှိတယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရက လာမယ့်ဆောင်းရာသီ စိုက်ပဲများ အတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းများ တိုးမြင့်ဖို့ အတည် ပြုထားပါတယ်။ ကုလားပဲ MSP ဈေးကိုယခင်နှစ်ထက် တစ် တန်ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၇ ဒသမ ၂၆) တိုးပြီး ရူပီး ၃၀၀၀၀ (ကန်ဒေါ်လာ ၅၅၉) ၊ ပဲရာဇာအတွက် MSPကို ပြီးခဲ့တဲ့နှစ်ထက် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၈ ဒသမ ၆၃) တိုးပြီး ရူပီး ၂၉၀၀၀ (ကန်ဒေါ်လာ ၅၄၀) သတ်မှတ်ကြောင်း သိရပါတယ်။                       ယမင်းခင်