ဒီတစ်ပတ်တော့ ရှမ်းချင်းတွေ အဝင်မရှိသလောက်ပါဘဲ။ ရှမ်းပြည်နယ်ရဲ့ ဓလေ့ထုံးစံအရ သီတင်းကျွတ်ကာလမှာ ဘုန်းကြီးကျောင်းကို တစ်လလုံးသွားကြပါ တယ်။ တောင်သူတွေကလည်း အလုပ်နားကြတော့တာကြောင့် အရောင်းအဝယ် အနေနဲ့လည်း အရင်တစ်ပတ်ကထက်စာရင်တော့ အေးနေတယ်လို့ ဆိုရမှာပါ။ ယခုလောလော ဆယ်မှာလည်း သီတင်းမကျွတ်ခင်ကဝင်တဲ့ ပစ္စည်းတွေကိုသာ အရောင်းအဝယ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ နောက်ဈေးနှစ်ပတ်လောက်မှသာ အဝင်ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ ချင်း(ဥမ)ကော၊ ချင်းသစ်ပါတစ်ပိဿာ ၂၀၀ ကျပ်ဈေးရှိပါတယ်။
ချင်းခြောက်လည်း လက်ကြီးအဝယ်မရှိသေးပဲ၊ လက်လီလောက်သာ အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ တစ်ပိဿာကို ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ် ဈေးရှိပါတယ်။အောက်တိုဘာလအတွင်း ချင်းခြောက် ပိဿာချိန် ၂၄၆၀၀ နဲ့ ချင်းစို ပိဿာ ၁၄၁၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းဈေးကွက်က သိရှိ ရပါတယ်။ဧဧခိုင် - တောင်ကြီး