Main menu

Background

အိန္ဒိယနိုင်ငံတွင် ချင်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်းသဖြင့် ဈေးနှုန်းများစွာမြင့်မားလာ

Wed, 11/07/2012 - 06:27 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ ပန်ဂျပ်၊ ဆစ်ကင်မ်နဲ့ အာသန်ပြည်နယ်တို့မှာ ချင်းစိုက်ပျိုး ထုတ် လုပ်မှု ကျဆင်းရာ ဈေးနှုန်းများစွာ မြင့်လာတယ်လို့ သိရတယ်။ အိန္ဒိယရဲ့ ချင်းထုတ် လုပ်မှုကျဆင်းတာကြောင့် နီပေါနိုင်ငံမှ ချင်းတွေကို အိန္ဒိယကိုတင်ပို့မှုရှိနေပြီး နီပေါ နိုင်ငံမှာ ချင်းဈေးနှုန်းတွေက ယခင်နှစ်ကထက် (၇) ဆ ခန့် မြင့်မားလာပြီး တစ်ကီလို ကို နီပေါရူပီး ၃၅ (မြန်မာကျပ်ငွေ ၃၄၅ ဝန်းကျင်) အထိ ရောက်ရှိလာတယ်လို့ သိရတယ်။

အိန္ဒိယကို ချင်းတင်ပို့နေခြင်းကလည်း နီပေါပြည်တွင်းချင်းဈေးနှုန်းကို ပိုမို မြင့်မားစေတယ်လိ့ု သိရတယ်။ ဈေးမြင့်နေချိန်အမီ ရောင်းချဖို့ အချို့ချင်းစိုက်ပျိုး သူတွေက ချင်းတက်တွေကို တူးဖော်ချိန်မတိုင်မီ တူးဖော်ရောင်းချနေကြကြောင်း၊ နိုဝင်ဘာလမှာ ကျင်းပမယ့် Chath  ပွဲတော်မတိုင်မီ တစ်ကီလိုကို ၄၅ - ၅၀ ရူပီး (မြန်မာ ကျပ်ငွေ ၄၄၃ - ၄၉၂ ဝန်းကျင်)အထိ ရောက်ရှိလာနိုင်မယ်ခန့်မှန်းကြောင်း၊ ယခင်နှစ်က ချင်းထုတ်လုပ်မှုများနေခြင်းကြောင့် နီပေါလယ်သမားတွေက လက်မှာ ချင်းသိုလှောင်ထားမှု အများအပြားရှိနေပြီး ၎င်းတို့ကို ရောင်းချမှုမှ အကျိုးအမြတ် များစွာ ရနေကြောင်း သိရတယ်။ Source:myrepublic.com,ပပ