ပြည်တွင်း အရောင်းအဝယ်ရှိတာကြောင့် ရှမ်းနနွင်းကတော့ အေးစက်စက်ဖြစ်နေပါတယ်။ ဒါပေမယ့် မြန်မာတွေရဲ့ ဟင်းချက်ရာမှာ မပါမဖြစ်အသုံးပြုနေရတဲ့ နနွင်းမှုန့်ပြုလုပ်ဖို့အတွက် ဝယ်ယူမှုရှိနေတာကြောင့် အရောင်းအဝယ် ကတော့ ဖြစ်နေပါတယ်။ တချို့တွေကလည်း ပရဆေးဖော်ဖို့အတွက်လည်း ဝယ်ယူမှုရှိနေပါတယ်။
ဝယ်လက်တွေကလည်း ပစ္စည်းသန့်တာတွေကိုသာရွေးပြီး၊ ဝယ်ယူကြပြီး ဈေးကလည်း သူ့အရည် အသွေးနဲ့သူ ဈေး ပေါက်တာကြောင့် ပင်လောင်းနနွင်းက တစ်ပိဿာ ၆၀၀ ကျပ်၊ တောင်ပို့လ နနွင်းက ၇၀၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းက ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ တစ်လအတွင်းမှာလည်း နနွင်းပိဿာချိန် ၁၆၅၀၀ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ နနွင်းပွဲရုံတွေက သိရှိရပါတယ်။ဧဧခိုင် - တောင်ကြီး