Main menu

Background

နိုင်ငံမြောက်ပိုင်းမှ အဝယ်စတင်လာလို့ အိန္ဒိယနနွင်းဈေးမြင့်တက်လာ

Wed, 11/07/2012 - 06:29 -- Anonymous (not verified)

ပြီးခဲ့တဲ့ သီတင်းပတ်များစွာက အီရော့နနွင်းရောင်းဝယ် မှု မကောင်းခဲ့ပေမယ့် နိုင်ငံအထက်ပိုင်းမှ အမှာအော်ဒါအသစ် များကြောင့် ဈေးစပြီးမြင့်တက်လာခဲ့ပါတယ်။ နနွင်းတင်ပို့သူ များဟာ ဘီဟာ၊ ချက်တီဂရပ်နဲ့ ဥတ္တရာပရာဒေ့ရှ်က ဒေပါဝလီ အတွက် အဝယ်အသစ်တွေလက်ခံရရှိတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ ဒါကြောင့် ပြည်ပတင်ပို့သူများက ပျော်ရွှင် ပြီး စတင်ဝယ်ယူခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဈေးနှုန်းငြိမ်နေပြီး၊ ရောင်းချမှုတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်လက ဈေးအနိမ့်မှာ တည်ငြိမ်လုနီးပါးဖြစ်ခဲ့ ပေမယ့် ရောင်းချမှုက အလွန်နည်းခဲ့တယ်။ အခုတော့ ပြည်ပ တင်ပို့သူတွေဝယ်ယူနေကြပြီလို့လည်း၎င်းင်းကဆိုပါတယ်။ နနွင်း ဈေးတိုးနိုင်တယ်လို့လည်း ၎င်းင်းကဆိုပါတယ်။ ကျေးလက်ဒေသ တွေမှာ မိုးသည်းတဲ့အတွက် တောင်သူတွေက လက်ကျန် အနည်းငယ်ကိုသာ သယ်ယူလာကြတယ်လို့လည်းဆိုပါတယ်။ နနွင်းကောင်းက အိတ်အနည်းငယ်သာ ဝင်လာလို့ ပြီးခဲ့တဲ့ ရက်ထက် တစ်တန် ရူပီး ၃၀၀၀(ကန်ဒေါ်လာ ၅၅ ဒသမ ၈၉)မြင့်ပြီး၊ ရူပီး ၆၀၁၇၀ (ကန်ဒေါ်လာ ၁၁၂၁) ဈေးရှိ ခဲ့ပါတယ်။ ပထမအကြိမ် အနည်းဆုံးအနေနဲ့ ဈေးကွက်ထိန်းသိမ်း ရေး ကော်မတီဝင်းကို နနွင်းဝင်ရောက်မှုကလည်း ၁၄၆ အိတ် သာဖြစ်ပြီး၊ ယင်းနနွင်း ရောင်းဈေးလည်း ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၈ ဒသမ ၆၃)တိုးခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်း ကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်း လက်ချောင်း တစ်တန် ရူပီး ၄၀၃၄၀ - ၅၂၄၉၀ (ကန်ဒေါ် လာ ၇၅၁ - ၉၇၈)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၈၀-၄၆၉၅၀ (ကန်ဒေါ်လာ ၆၈၉ - ၈၇၅)ရှိကြောင်း သိရပါတယ်။ယမင်းခင်၊Source: business Line