Main menu

Background

ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်တွင် ငရုတ်အထွက်နည်းပေမယ့်၊ ဈေးနှုန်းကျဆင်းနေပြီး မန္တလေးဘက်မှ အဝယ်များနေ

Wed, 11/07/2012 - 06:30 -- Anonymous (not verified)

ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နဲ့ ပျော်ဘွယ် မြို့နယ်များမှာ မိုးဦးကာလက မိုးနည်းခဲ့ပြီး ငရုတ်ထွက်နှုန်း ကျဆင်းနေကြောင်း သိရပါတယ်။

ငရုတ်စိုက်တောင်သူတစ်ဦးက"တော်သလင်း၊ သီတင်း ကျွတ်ဆို ငရုတ်ထွက်ပြီ။ ကျွန်တော်တို့ဆီက မိုးထောင်ငရုတ် တွေ ထွက်ပါတယ်။ ငရုတ်ထွက်နှုန်းက တော်တော်လေးကျလို့ တောင်သူက ထုတ်မရောင်းဘူး။ မန္တလေးဘက်ကလည်း တစ် အား အဝယ်ဆင်းနေတယ်။ ငရုတ်ထွက်နှုန်းက မနှစ်က တစ် ဧကကို ၂၅၀ ပိဿာ ထွက်ရှိပြီး၊ ဒီနှစ်မှာ ပိဿာ ၁၅၀ ပဲ ထွက်နှုန်းရှိတယ်။ ထွက်နှုန်းကျလို့ တောင်သူက ဈေးကောင်း ရမလားဆိုပြီး၊ ထုတ်မရောင်းကျတာ။ သူတို့က ဈေးနှုန်း ကျပ် ၂၀၀၀ ထိရမလားဆိုပြီး စောင့်နေတာ " လို့ ပြောပါတယ်။ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်မြို့နယ်များမှ ငရုတ်အဓိကထွက်ရှိရာ ရန်ကုန်နဲ့ မန္တလေးမြို့မှ တစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ချိရောင်းချကြောင်း၊ ပြည်ပဈေးကွက် အနေနဲ့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို  တင်ပို့မှုရှိသော် လည်း တရုတ်ဘက်ကိုသာ တင်ပို့မှုရှိနိုင်ကြောင်း သိရပါတယ်။ ငရုတ်ဈေးနှုန်းမှာ ယခင်နှစ်က ငရုတ်ပေါ်ချိန်မှာ မိုးထောင် ငရုတ်တစ်ပိဿာ ၁၈၀၀ ကျပ်နဲ့ ဈေးစဖွင့်ပြီး၊ အမြင့်ဆုံးဈေး ၂၈၀၀ ကျပ်ထိ ရရှိခဲ့ကြောင်း၊ ယခုမိုးထောင်ငရုတ်ဈေးနှုန်းမှာ ပြီးခဲ့တဲ့ ၅ ရက်က ကျပ် ၁၅၀၀၊ ၁၅၅၀ ကျပ်မှ ယခုတစ်ပတ် ၁၆၅၀ ကျပ် ဈေးရှိလာကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး