Main menu

Background

ဓာတ်ဆီ/ဒီဇယ် တန်ချိန် ခြောက်သောင်းကျာ်ဝင်

Wed, 11/07/2012 - 06:31 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်တာကာလအတွင်း ပင်လယ်ေ ရကြောင်းကုန်သွယ်မှုလမ်းမှ ဓာတ်ဆီ၊ ဒီဇယ်သွင်းရန်အတွက် ကုမ္ပဏီ ၁၄ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ပါတယ်။ လိုင်စင်လျှောက်ထားတန်ချိန်မှာ ဒီဇယ် ၅၇၈၉၉ တန်နဲ့ ဓာတ်ဆီမှာ ၈၂၅၀ တန်ရှိခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ေ တွမှာ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ် က ဈေးမပြောင်းပေမဲ့ အောက်တိန်းက ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ပြင်ပဆိုင်မှာ ဒီဇယ်ဈေးအနည်းငယ်ကျဆင်းလာပေမဲ့ ဓာတ်ဆီက ဈေး အနည်းငယ်မြင့်လာပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ တစ်ပီပါ ဈေးနှုန်းမှာ ဓာတ်ဆီ  ၈၀၃ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၈၀ ကျပ် တို့နဲ့ ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပဆိုင်ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်ကို ၃၇၀၀-၃၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက မပြောင်း လဲသလို ပြင်ပဆိုင်ဈေးကလည်း မပြောင်းလဲဘူးလို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈးက ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀-၃၉၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးကမပြောင်းလဲ သလို ပြင်ပဆိုင်ရဲ့ ဈေးတွေ ကလည်း ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ်နဲ့ အောက်တိန်းက ၃၉၅၀ ကျပ်ဈေးနဲ့ ရှိနေပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်ထက်ပိုပြီး အရောင်းအ ဝယ်ရှိတယ်လို့ သိရပါတယ်။ တောင်ကြီးမှာ ပွဲတော်ရှိနေတာကြောင့်  ဓာတ်ဆီ၊ ဒီဇယ်က ရောင်းအားနည်းနည်း ရှိလာတယ်။ ရောင်းအားရှိပေမဲ့ ဈေးကမပြောင်းလဲ  ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၉၀၀ ကျပ်၊ ဒီဇယ်ဈေးက တစ်ဂါလန် ၃၉၅၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပဆိုင်များရဲ့ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၈၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။              MIRT-DOT     ဓာတ်ဆီရော ဒီဇယ်ပါ ယခုအပတ် နယ်စပ်မှ တင်သွင်းမှုပိုမိုမူဆယ်၊ တာချီလိတ်နဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၂၇၇ သန်းတန်ဖိုးရှိတဲ့ ဓာတ် ဆီ ၇၄၇၅၂ ဂါလန်ခန့်ကို အောက်တို ဘာ  ၂၄ ရက်မှ ၃၀ ရက်ထိ ကာလ အတွင်းမှာအသွင်းရှိခဲ့ပါတယ်။  နယ်စပ် အလိုက်   တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၆၈၄၇ ဂါလန်ကျော်၊ တာချီ လိတ်မှ ၃၃၂၆၄ ဂါလန်နဲ့ မြိတ်မှ ၂၄၆၄၀ ဂါလန် အသီးသီးဖြစ်ပါတယ်။ ဒီဇယ်ဆီတင်သွင်းမှု   အပိုင်းမှာလည်း ထိုင်းနယ်စပ်စခန်းများဖြစ်တဲ့ တာချီ လိတ်၊ ကော့သောင်းနဲ့ မြိတ် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၁၆၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၀၈၁၁၉ ဂါလန်ကျော်ကို တင်သွင်း ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှု တွေကတော့ တာချီလိတ်မှ ၆၈၉၄၄ ဂါလန်၊ မြိတ်မှ ၂၁၉၁၈၇ ဂါလန်ကျော်နဲ့ ကော့သောင်းမှ ၁၉၆၈၈ ဂါလန်ခန့် ဖြစ်ပါတယ်။      MIRT(DOBT)