Main menu

Background

ပြင်ပဈေးကွက်နှင့်ငွေလဲစင်တာဈေးကွက် ကွာဟမှုနည်းပါးလာ

Wed, 11/07/2012 - 06:32 -- Anonymous (not verified)

ဗဟိုဘဏ်မှ ဟောင်းနွမ်းဒေါ်လာများကို လဲလှယ်ပေးမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည့် အတွက် ပြင်ပငွေလဲဈေးကွက်အတွင်းရှိ ငွေလဲနှုန်းနှင့် ပုဂ္ဂလိက ဘဏ်များ၏ငွေလဲစင်တာများရှိ ငွေလဲနှုန်းတို့ ကွာဟမှု နည်းပါးလာခဲ့ကြောင်း သိရသည်။

ပြင်ပငွေလဲဈေးကွက်တွင် အောက်တိုဘာ ၂၆ ရက်က အမေရိကန် တစ် ဒေါ်လာလျှင် ရောင်းဈေး ၈၄၇ ကျပ်၊ ဝယ်ဈေး ၈၄၆ ကျပ်ရှိခဲ့သည်။ ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲစင်တာများတွင်လည်း အောက်တိုဘာ ၂၆ ရက်က ရောင်းဈေး ၈၅၀ ကျပ်၊ ဝယ်ဈေး ၈၄၄ ကျပ်ရှိခဲ့သည်ကိုတွေ့ရသည်။ငွေလဲစင်တာများနှင့် အပြင်ငွေလဲဈေးကွက်တို့ ကွာဟချက်နည်းပါးလာခြင်း ကြောင့် ပြင်ပငွေဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှု နည်းပါးသွားကြောင်း ငွေလဲ ဈေးကွက်အတွင်းမှ သိ ရှိရသည်။"ကျွန်တော်တို့ ဒီနေ့ ဈေးကွက်ထဲမှာတော့ အရောင်းအဝယ်ဖြစ်တာတွေ နည်းသွားတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကဆိုရင် ငွေလဲတဲ့သူတွေ တော်တော်များ များလာတယ်။ အခုတော့ စင်တာတွေက ဟောင်းနွမ်းငွေစက္ကူတွေကိုပါ သင့်တင့်တဲ့ ဈေးနဲ့ဝယ်ပေးတယ်ဆိုတော့ ကျွန်တော်တို့ဈေးကွက်မှာ အရောင်းအဝယ်က နည်း သွားတယ်။ ကျွန်တော်တို့လည်း ဘဏ်နားတွေမှာ သွားပြီးတော့ ကျန်ဖြတ်ဆွဲလို့ မရတော့ဘူးပေါ့"ဟု ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။    မယ်သီတာ