Main menu

Background

ဘိလပ်မြေ တန် ၅၀၀၀ ကျော် နယ်စပ်မှတင်သွင်းမှုရှိ

Wed, 11/07/2012 - 07:24 -- Anonymous (not verified)

အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလအတွင်းမှာ ဘိလပ်မြေ တန် ၅၀၄၂ ကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းမှုရှိခဲ့ပါတယ်။ ပွင့်လင်း ကာလရောက်ရှိလာပြီဖြစ်လု့ိ ယခင်အပတ်တင်သွင်းမှုထက် ၇၁၃ တန်ခန့် အသွင်း ပိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၉၆၁ တန်၊ လွယ် ဂျယ်မှ ၅၂၅ တန်၊ တာချီလိတ်မှ ၂၂၀၉ တန်၊ မြိတ်မှ ၈၇၁ တန်နဲ့ ကော့သောင်းမှ ၄၇၆ တန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။           MIRT (DOBT)

ဈေးကွက်အတွင်း ရောင်းအားရှိလာတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အဝယ်လိုက်ပြီး ရောင်းအားရှိလာ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်းနဲ့ ကြံ့(မြိုင်ကလေး) ဈေးမပြောင်းပေမဲ့ ဆင်(ထိုင်း)ဘိလပ်မြေက ဈေး အနည်းငယ်မြင့်လာပြီး  ကြံ့(မြိုင်ကလေး)ဘိလပ်မြေက  ဒီတစ်ပတ်မှာ ပိုပြီးအဝယ် လိုက်လာတယ်။  အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်းဘိလပ်မြေ ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၄၆၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ် မြေတစ်အိတ် ၃၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ရောင်းအားရှိသလို  ပစ္စည်းအဝင်လည်း ရှိ နေတယ်။ ဒါကြောင့် ဈေးကမတက်ဘဲ ငြိမ်နေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေး က အေသုံးလုံး ၅၃၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၈၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၄၉၀၀ ကျပ်၊ ကျားခေါင်း ၅၁၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ထက် နည်းနည်းပိုပြီး ရောင်းအားရှိတယ်လို့ ဘိလပ်မြေအရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။    ဒီရက်ပိုင်းမှာ ဘိလပ်မြေက ရောင်းအား ရှိပေမဲ့ ဈေးကတော့ငြိမ်နေတယ်။ ဈေး ကွက်ထဲ ပစ္စည်းအဝင်များနေတာကြောင့် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၄၉၀၀ ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၆၀၀ ကျပ်၊ မောင်းတိန်း ၄၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ပွဲတော်ချိန်ဖြစ်တာကြောင့် လုပ် ငန်းတွေလည်း ခေတ္တနားနေသလို အရောင်းအဝယ်ပိုင်းကလည်း အေးနေပြီး ဈေး ကလည်း အပြောင်းအလဲမရှိဘဲ ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။  ဒီတစ်ပတ်ဈေးက စိန်(ထိုင်း) တစ်အိတ်ကို ၆၅၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ် ကို ၅၃၀၀ ကျပ်၊ မြို့တော် ၄၉၀၀ ကျပ်၊ နဂါးတစ်အိတ်ကို ၅၇၀၀ ကျပ်၊ ဆင် (ထိုင်း) တစ်အိတ်ကို ၆၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်း ဘိလပ်မြေက ဈေးငြိမ်နေပေမဲ့ ဆင်(ထိုင်း)က ကျပ်တစ်ရာဝန်းကျင်  ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင် (ထိုင်း) ၅၇၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                  MIRT (DOT)