Main menu

Background

နို့ဆီနဲ့ နို့မှုန့်သာ အဝင်ရှိပြီး နို့စိမ်း အဝင်နားခဲ့

Wed, 11/07/2012 - 07:27 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ အောက် တိုဘာ ၂၁ ရက်မှ ၂၇ ရက်တာ ကာလ အတွင်း နို့ဆီ ၁၁၂ ဒသမ ၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း တစ်သောင်းကျော်ဖိုးကို  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ အဝင်က တန်ချိန် ခြောက်ရာကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင် လျော့ခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင်နားခဲ့တယ် လို့သိရပါတယ်။

နို့မှုန့်က ထိုင်းနိုင်ငံမှ ၅ ဒသမ ၅၅ တန်၊နယူးဇီလန်နိုင်ငံမှ ၂၈ တန်၊ စင်ကာ ပူနိုင်ငံမှ ၈၃ ဒသမ ၅၉ တန်၊ သြစတြေး လျနိုင်ငံမှ ၉၆ ဒသမ ၈၇ တန်အဝင်ရှိခဲ့ တယ်လို့ သိရပါတယ်။MIRT (DOT)
 
နို့ဆီ၊ နို့စိမ်း အသွင်းပိုမြန်မာ-ထိုင်းနယ်စပ်ရှိ  ကော့ သောင်းမှ  ကန်ဒေါ်လာ သုည ဒသမ ၀၉၉ သန်း တန်ဖိုးရှိတဲ့ နို့ဆီ တန် ၁၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်း တန်ဖိုးရှိ နို့စိမ်း တန် ၁၂၀ ကျော်ကို အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်ထိ ကာလအတွင်းမှာ အသွင်း ရှိခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၉ သန်း တန်ဖိုးရှိ နို့မှုန့် ၁၀ တန်ကျော်လည်း    ယခုအပတ်မှာ အသွင်းရှိခဲ့ပါတယ်။ MIRT (DOBT)