Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီအရောင်းအဝယ်ဖြစ်မှုနည်း

Wed, 11/07/2012 - 07:35 -- Anonymous (not verified)

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံအရောင်းအဝယ် ပြုလုပ်လိုသော ကုန်သည်ကြီးများ ပုံမှန်လာရောက်ကြပေမယ့် အိန္ဒိယဈေးကွက်မှာ ပဲဈေးက နိမ့်လိုက် မြင့်လိုက်နဲ့ ဈေးလှုပ်နေတာ ကြောင့် ပဲအရောင်းအဝယ်ထင်သလောက် မဖြစ်ခဲ့ဘူးလို့ ပဲကုန်သည် ကြီးတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန်ကို ၄၉၅၀၀၀ ကျပ်ဈေးနဲ့ တန် ၄၆၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ပြည်တွင်းကုန်သည်အချင်းချင်းသာ အရောင်းအဝယ် အနည်းငယ်ဖြစ်နေတယ်လို့ ဈေးကွက်မှသိရပါ တယ်။