ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) အရောင်းအဝယ်ဖြစ်မှု အခြေအနေကို တွက်ချက်ပြီး ဝယ်ယူမှုတွေရှိနေသလို မြို့ခံလှောင် လက်ကုန်သည်တွေကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်း နည်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၇၈၅ ကျပ်(တစ်တန်ကို ၄၈၀၇၂၆ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲတီစိမ်းကတော့ ဈေးကွက်သို့ အောင်လံနဲ့ ကံမ ဘက်မှ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေး အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ဒါ့အပြင် ယခင်အပတ်က တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ ဝယ်ခဲ့ပေမယ့် ရောင်းသူ ကုန်သည်များက ထုတ်မရောင်းကြဘဲ ဈေးဆက်စောင့်နေတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းသွားတယ်လို့ ဆိုပါတယ်။
Background